« »

ဓါးပြတိုက်မှုတွင် အမျိုးသမီးတစ်ဦးသေ၊ မိခင်ဒဏ်ရာရ


JELEBU ။ ။ စင်ပန်းဒူရီးယန်း ရှိ အင်တာနက်ဆိုင်တစ်ခုတွင် မေလ ၁၂ ရက်နေ့ က ဓါးပြတိုက်မှု ဖြစ်ပွားရာ အသက် ၂၀ရွယ် အမျိုးသမီးငယ်တစ်ဦး ရက်စက်စွာ အသတ်ဖြတ်ခံခဲ့ရပြီး အသက် ၃၉နှစ်အရွယ် မိခင်ဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိ သွားခဲ့သည်။
      သေဆုံးသူ အမျိုးသမီးငယ် ခရစ္စတီး နှင့် မိခင်ဖြစ်သူ ဆူမီနာ မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှ ဖြစ်သည်ဟု ယူဆရပြီး မလေးရှားသို့ ရောက်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်ဟု ဆိုသည်။ သေဆုံးသူ၏ အလောင်းကို ဆိုင်၏ ဒုတိယထပ်တွင် ညနေ(၄)နာရီခန့်တွင် တွေ့ရှိရခြင်း ဖြစ်ပြီး အင်တာနက်ဆိုင်သို့ သားအမိ နှစ်ဦး မည်သို့ လာရောက် ပတ်သက်နေသည်ကို မည်သူမျှ ရှင်းရှင်း လင်းလင်း မသိရသေးခြေ။ ဆိုင်ရှင်ဖြစ်သူက ဆိုင်၏ ဝန်ထမ်းများနှင့် ဆက်သွယ်ရန် ကြိုးစား သော်လည်း အဆင်မပြေခဲ့ကြောင်း သိရသည်။ လောလောဆယ်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဆူမီနာ ကို ”ဆယ်ရန်ဘန်တူရန်ကုဂျာဖာ” ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။ 


Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။