« »

မန္တလေး ဈေးချိုနှင့် နေပြည်တော် သပြေကုန်းဈေးတွင် မိနစ်အနည်းငယ်ခြား၍ ဗုံးပေါက်ကွဲ ၊ မေမြို့တွင်ပါ ဗုံးထပ်မံပေါက်ကွဲ


မန္တလေး ဇွန် ၂၄ ။ ။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေးမြို့တော်၏ အချက်အချာကျရာ ဈေးချိုဟိုတယ်နှင့် မန်း မြန်မာ ပလာဇာအနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။

"ဈေးချိုဟိုတယ်ဘက်ခြမ်းမှာ ပေါက်တာပါ၊ ဝန်ထမ်း နှစ်ဦးတော့ ထိခိုက်ဒဏ်ရာ ရသွားတယ်၊ အသေအပျောက်တော့ မရှိပါဘူး၊ ကားနံပါတ်က ၃ခ/ ၁၉၀၄ ပါ" ဟု သိရသည်။

     ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မန္တလေးမြို့ပေါ်ရှိ အမှတ် ၆ ရဲစခန်းနှင့် တိုင်းမီးသတ် တပ်ဖွဲ့မှူးရုံးမှ မှန်ကန်မှုရှိကြောင်း အတည်ပြု ပြောကြားသည်။

      မန္တလေးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပင် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေးတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ဒေသခံများက ပြောကြားသည်။

      နေပြည်တော် သပြေကုန်းဈေး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဗုံးပေါက်ကွဲသည်မှာ မှန်ကန်ပြီး ပိတ်ထားသည့် ဈေးဆိုင်ခန်းမှ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး ဆိုင်ခန်းအမိုး ပွင့်ထွက်သွားကြောင်း ပြောကြားသည်။

"အခုတော့ အဲဒီနေရာကို ပိတ်ထားတယ်၊ သွားကြည့်လို့ မရတော့ဘူး" ဟု အဆိုပါ ဒေသခံက ထပ်လောင်း ပြောကြားသည်။

 Source : The Voice Weekly
 နောက်ဆုံးရသတင်းတိုများအား ဆက်လက်ဖတ်ရှုနိုင်ပါသည်။
(မင်္သကာဖွယ်ပစ္စည်းတွေ့ရှိ)
မန္တလေးမြို့ ဂ၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား ရွှေနိုင်ငံ စိန်ရွှေရတနာဆိုင် အနီးတွင် ဗုံးဟု ယူဆရဖွယ်ရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို ညနေ သုံးနာရီခန့်တွင် တွေ့ရှိခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်မီ ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

(ပြင်ဦးလွင် ဗုံးပေါက်ကွဲ)
ရပ်ကွက်ကြီး ၃ လေးကွက် ထောက်ပို့ ပန်းခြံနားတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲခြင်း ဟုတ်မဟုတ် သက်ဆိုင်ရာက အသေးစိတ် စီစစ်နေဆဲ ဖြစ်ကြောင်း ပြင်ဦးလွင် ရဲစခန်းက အတည်ပြုပြောကြားသည်။

(ပြင်ဦးလွင် ဗုံးပေါက်ကွဲမှု)
"အမှတ် (၄) ရပ်ကွက် အိမ်တစ်လုံးမှာ ပေါက်ကွဲမှု ဖြစ်တာပါ၊ ဗုံးက အတော်ပြင်းတဲ့အတွက် နေအိမ်တစ်ခုလုံး ပြိုကျသွားပါတယ်" ဟု ပြင်ဦးလွင် ဒေသခံတစ်ဦးက ပြောကြားသည်။

 Source : The Voice Weekly
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။