« »

ဆီစားရိတ်နှင့် ငွေကြေးတန်ဖိုး မြင့်တက်မှုကြောင့် မလေးရှား လေကြောင်းကုမ္မဏီများ အကြီးအကျယ်ရှုံး


ကွာလာလမ်ပူ မေလ (၂၈)ရက် ။ ။ မလေးရင်းဂစ်ငွေ ခိုင်မာလာခြင်းနှင့် လေယဉ်ဆီဈေး မြင့်တက်နေမှုကြောင့် ပြီးခဲ့သော ၃လပါတ်အတွင်း အကြီးအကျယ် အရှုံးပေါ်ခဲ့ကြောင်း မလေးရှား လေကြောင်းလိုင်းများ ကုမ္ဗဏီက ပြောကြားလိုက် သည်။

     ပြီးခဲ့သော ၃လအတွင်း ဆုံးရှုံးငွေမှာ မလေးရင်းဂစ်ငွေ ၂၄၂.၃ သန်း ဖြစ်ပြီး ၂၀၁၀ခုနှစ် ပထမ ၃လပါတ်အတွင်းကမူ ၃၂၀.၃ သန်း မြတ်ခဲ့သည်ကို နှိုင်းယှဉ်ကြည့်နိုင်ကြောင်း လေကြောင်းကုမ္မဏီက ပြောသည်။

     လေယာဉ်ဆီဈေးနှုန်း ၃၂ ရာခိုင်နှုန်းမြင့်တက်လာခြင်း၊ မလေးရင်းဂစ်ငွေ တန်ဖိုး မြင့်လာခြင်းကြောင့် နိုင်ငံတကာပို့ကုန်များတွင် ထိခိုက်နစ်နာ လာခြင်းတို့အပြင် သဘာဝဘေးအန္တရာယ်၊ နှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ထပ်လောင်းလိုက်သဖြင့် ထိုမျှ အရှုံးပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း ကုမ္မဏီက ရှင်းလင်း ပြောဆိုသည်။

     "နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအစည်းအရုံး" က ယခုနှစ်တွင် စီးပွားရေး ပြန်တက်လာပြီး ခရီးသွား များပြားလာသော်လည်း ဆီဈေးတက်ခြင်းကြောင့်အမြတ်ငွေ ထက်ဝက်ခန့်အထိ ကျဆင်းသွားနိုင်ကြောင်း ဆိုသည်။

     ကုမ္ဗဏီ၏ အကြီးအကဲဖြစ်သူ Tengku Azmil Zahruddin က ၎င်းတို့အနေဖြင့် မူလ အမြတ်အစွန်း ရရှိရေး ဦးတည်ချက်ကို ပြောင်းလဲမည် မဟုတ်ဘဲ ကုမ္ဗဏီကို တိုးချဲ့သွားရန် စီမံချက်များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုအထဲတွင် လေယာဉ်များကို ခေတ်နှင့်အညီ ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ လေယာဉ်စီး ခရီးသည်များ ပိုမို ရရှိလာစေရန် ဈေးကွက်တိုးချဲ့ခြင်း၊ ဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း ပြောသည်။

     မလေးရှား လေကြောင်းလိုင်းများ ကုမ္ဗဏီက လက်ရှိတွင် ဘိုးရင်း 737-800 အမျိုးအစား ၃၅စင်း၊ Airbus လေယာဉ်အကြီးစား ၆စင်း၊ နှင့် A380-800.၆စင်း တို့ မှာယူထားကြောင်း သိရသည်။



Source : AFP

Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။