« »

မလေးရှားနိုင်ငံ အတွင်းမှာ ဖမ်းမိခဲ့တဲ့ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ဝင်


ဂျိုဟိုး။ ။ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို မလေးရှားနိုင်ငံတွင် ဖမ်းဆီးမိခဲ့ကြောင်း သက် ဆိုင်ရာမှ ဇွန်လ (၁၀) ရက် သောကြာနေ့တွင် ထုတ်ဖော် ကြေညာသွားခဲ့သည်။ အထက်ပါ အယ်လ်ကေဒါအဖွဲ့ဝင် (အဒူဟာ ရစ်(စ)ဘင်ရှူဟာဒီ) သည် အရှေ့တောင်အာရှ အကြမ်းဖက်အဖွဲ့ ဂျမား အစ္စလာမ်မီးယားနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အန်တန် ဘာချူ အလာမ် မှ ပြောကြားသွားခဲ့သည်။

"ဒီလူဟာ ၁၉၈၁ခုနှစ်ကတည်းက ဂျမား အစ္စလာမ်မီးယားအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ လှုပ်ရှားမှုအားလုံးကို နှစ်ပေါင်းများစွာ အပူတပြင်းခြေရာခံခဲ့ရပါတယ်။ အခုလို ဖမ်းမိတာကလည်း သူ့ရဲ့ ဆဲလ်ဖုန်းကို ပြန်လည်အသုံးပြုနေ တစ်ချိန်တည်းမှာပဲ ဖမ်းဆီးနိုင် ခဲ့တာပါ" ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

      ဘင်ရှူဟာဒီသည် ပြီးခဲ့သောနှစ်က အင်ဒိုနီးရှား နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပြီး နောက်ပိုင်း မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်အတွင်း အခြေချနေထိုင်ခဲ့သည်။ ၎င်းအား မလေးရှား လျှို့ဝှက် လုံခြုံရေးအောက်တွင် ထိန်းသိမ်းထားရှိမည် ဖြစ်ပြီး ရက်ပေါင်းခြောက်ဆယ်အထိ ရှေ့နေနှင့် ပေးမတွေ့ပဲ စစ်ဆေးမေးမြန်းမည်ဟု ရဲအရာရှိအာလာမ်မှ ပြောကြားသွားခဲ့သည်။

      ဂျမား အစ္စလာမ်မီးယား အကြမ်းဖက်အဖွဲ့ရဲ့ အကြီးမားဆုံးပြစ်မှုတစ်ခုမှာ ၂၀၀၂ခုနှစ် အောက်တို ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ ညကလပ်၌ လူပေါင်း (၂၀၂) ဦးသေဆုံး၍ (၂၄၀) ဦး ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သော ဗုံးခွဲတိုက်ခိုက်မှုကြီး ဖြစ်သည်။

Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။