« »

အောက်ပိုင်းသေသူများ စက်ခြေထောက်အသုံးပြု လမ်းလျှောက်နိုင်ပြီ


      ReWalk Exoskeleton ဟု ခေါ်တွင်သော စက်ခြေထောက်ကို Argo ဆေးဝါးဆိုင်ရာ နည်းပညာ ကုမ္ဗဏီက.လွန်ခဲ့သော လအနည်းငယ်က တည်ထွင်ရောင်းချခဲ့ရာ နှစ်ပေါင်းများစွာ လက်တွန်း လှည်း အသုံးပြု သွားလာနေရသူများသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကာ လမ်းလျှောက် နိုင်သောဘဝသို့ ပြန်လည်ရောက်ရှိနိုင်ပြီဖြစ်သည်။
      ခေတ်သစ်တွင် တိုးတက်လာသော နည်းပညာများကြောင့် မယုံကြည် နိုင်လောက်အောင် တိုးတက်မှု အများအပြားကို တွေ့မြင်ကြရသည်။ ReWalk Exoskeleton မှာ ထိုအံ့ဘွယ်ရာများထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။ ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ မတော်တဆမှု ကြောင့် သော်လည်း ကောင်း၊ လမ်းမလျှောက်နိုင်သူများအတွက် လွန်ခဲ့သော နှစ် ၁၅၀၀ခန့်ကတည်းက အသုံးပြုခဲ့ရာမှ များမကြာခင်အချိန်အတွင်း စက်ခြေထောက်များကို အစားထိုးအသုံးပြုနိုင် တော့မည်ဟု ယုံကြည်ရပေသည်။
      Argo ကုမ္ဗဏီထုတ် ReWalk Exoskeleton စက်ခြေထောက်ကို အသုံးပြုလမ်းလျှောက်သူ ယခင် အစ္စရေးစစ်သားတစ်ဦးက ” ကျွန်တော့်အနေနဲ့ ပုံမှန် လူတစ်ဦးလိုပါပဲ။ မတ်တပ်ရပ်နိုင်တယ်။ အရပ်လည်း ပိုရှည်လာတယ်လို့ ခံစားရပါတယ်။ လူနာသည် အဆိုပါ စက်ခြေထောက်ကို တပ်ဆင်လိုက်ပြီး ခလုပ်နှိပ်လိုက်သည့်အခါ ဘက်ထရီအားသွင်းထားသော စက်များက စတင် လမ်းလျှောက်သဖြင့် အပေါ်ပိုင်းက ချိုင်းထောက်များကို အသုံးပြုရင်း ဖြောင့်မတ်စွာ ရပ်လျှက် လမ်းလျှောက်သွားသည်ကို တွေ့မြင်ရသည်။ 

     ReWalk Exoskeleton ဟု ခေါ်တွင်သော အဆိုပါ စက်ခြေထောက်တွင် အားသွင်းထားသော ဘက်ထရီသည် ၈နာရီခန့် ကြာမြင့်စွာ အသုံးပြုနိုင်ပြီး ၂၀၁၀ ဇူလိုင်လကတည်းကပင် လူနာအချို့နှင့် သုတေသနလုပ်ငန်းအချို့တွင် စမ်းသပ်အသုံးပြုလျှက် ရှိရာ၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်သို့ တင်သွင်းရောင်းချမည် ဖြစ်သည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ တစ်သိန်းငါးသောင်း ခန့် ဖြစ်သည်။
      ReWalk Exoskeleton သည် လမ်းမလျှောက်နိုင်သော လူနာများကို မတ်တပ်ရပ်၊ လမ်းလျှောက်အပြင် လှေကားအတက်အဆင်းစသည်တို့ကိုလည်း ပြုလုပ်နိုင်စေမည်ဟု သိရသည်။ ReWalk Exoskeleton တွင် ဒူးအဆက်စသည်တို့တွင် မော်တာ တပ်ဆင်ထားပြီး လူ၏ လှုပ်ရှားမှုများကို သိရှိခံစားနိုင်ကာ လှုပ်ရှားမှုကို ပြုလုပ်စေမည့် ကွန်ပြူတာနည်းပညာလည်း ပါရှိသည့်အပြင် ပူးတွဲပါဝင်သော ချိုင်းထောက်များကလည်း လူနာ၏ သေချာစွာထိမ်းသိမ်း ပေးနိုင်မည်ဟု ဆိုသည်။



Tags: , ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။