« »

ဒေါ်လာ(၅)သန်းတန် မလေးရှားအကြမ်းဖက်သမား လွတ်မြောက်နေဆဲ


     (လက်ဝဲဖက်)မှ အက်ဖ်ဘီအိုင်၏ အလိုရှိဆုံးလူများစာရင်းတွင် အပါအဝင်ဖြစ်သော မလေးရှားလူမျိုး ”ဇူလ်ကီလ်ဖလီအက်ဗ်ခီ”မှာ လွတ်မြောက်နေဆဲဖြစ်သည်။ အစ္စလမ်မစ်လက်နက်ကိုင်အဖွဲ့ကို တည် ထောင်သူ ”ဇူလ်ကီ”သည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်သူ ဖြစ်ပြီး ယနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်သည်။ သူ၏ ယောက်ဖတော်စပ်သူ (လက်ယာ ဖက်)မှ တိုဖစ်အဗ္ဗဒူလ်ဟာလင်းသည် အင်ဒိုနီးရှားတွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ထောင်ဒဏ်ကျခံနေ ရသည်။

      လွတ်မြောက်နေသော ”ဇူလ်ကီလ်ဖလီအက်ဗ်ခီ” ၏ ခေါင်းကို ယူဆောင်ခဲ့နိုင်ပါက အမေရိကန်နိုင်ငံ၊ အက်ဖ်ဘီအိုင်မှ ဒေါ်လာ၅သန်း ချီးမြှင့်မည်ဟု ဆုငွေထုတ်ပြန်ထား သည်။ ”ဇူလ်ကီလ်ဖလီအက်ဗ်ခီ” သည် Kampulan Mujahidin Malaysia (KMM) ၏ ခေါင်းဆောင် ဖြစ်ပြီး Jemaah Islamiyah ၏ ဗဟိုထိန်းချုပ်မှု ကော်မီတီအဖွဲ့ဝင်တစ်ဦးဖြစ်သည်။


     အသက် ၄၅ နှစ်ရှိပြီ ဖြစ်သော ”ဇူလ်ကီလ်” ကို ၂၀၀၁ခုနှစ် မေလတွင် ပယ်တယ်လင်းဂျာယာ ရှိ Southern Bank ဓါးပြတိုက်မှုတွင် ဦးဆောင်မှု၊ ၂၀၀၀ခုနှစ်တွင် ဒေါက်တာဂျိုးဖာနန်ဒက်ဇ် ကို သတ်ဖြတ်မှုနှင့် ပူဒုရှိ ဟင်ဒူဘုရားကျောင်း ဗုံးဖေါက်ခွဲမှု တို့အတွက် မလေးရှားအစိုးရမှ ရင်းဂစ်ငွေ ငါးသိန်း ဆုပေးမည်ဟု ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သော်လည်း ၎င်းမှာ အင်ဒိုနီးရှားသို့ ထွက်ပြေးလွတ်မြောက်သွားပြီး ၂၀၀၂ခုနှစ်တွင် လူ ၂၀၀ ကျော် သေဆုံးခဲ့သော ဘာလီဗုံးဖေါက်ခွဲမှုတွင် ပါဝင်ပါတ်သက်ခဲ့သည်ဟု ယူဆရသည်။

     ကလေး ၄ယောက်၏ ဖခင် ”ဇူလ်ကီလ်”သည် အင်္ဂလိပ်၊ တာဂါလော့နှင့် အာရပ်ဗစ် ဘာသာ စကားများကို ကျွမ်းကျင်စွာပြောနိုင်ပြီး ဖေါက်ခွဲရေးပစ္စည်းအင်ဂျင်နီယာဖြစ်ကာ မလေးရှားအစိုးရ ပညာတော်သင်အဖြစ် အမေရိကန်တွင် ပညာသင်ကြားခဲ့ဖူးသည်။ ၁၉၈၉ခုနှစ်တွင် အမေရိကန်မှ ဘွဲ့ရပြီးနောက် မူဂျာဟစ်ဒင်းအဖွဲ့၏ တိုက်ခိုက်ရေးတွင် ဆိုဗီယက်ဗုံးနှင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းပေး သူ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။