« »

ဆယ်ကျော်သက်များ၏ အသည်းစွဲ ”ဂျပ်စတင်ဘီဘာ” မလေးရှားတွင် အောင်ပွဲခံ


     မလေးရှားသို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ အစီအစဉ်အရ ရောက်လာသော ဂျပ်စတင်ဘီဘာ သည် ကွာလာလမ်ပူလေဆိပ်သို့ သူ၏ ချစ်သူမိန်းကလေး ဆယ်လင်နာဂိုမက်ဇ် နှင့် ဧပြီလ ၂၁ရက်နေ့က ရောက်ရှိခဲ့သည်။
     ထိုနေ့ညတွင်ပင် မာဒေးကား ပြပွဲခန်းမအတွင်းသို့ ထောင်ပေါင်း များစွာသော လူငယ်များက ဘီဘာ ၏ ”ပေါ”့ အနုပညာကြည့်ရှု အားပေးရန် ရောက်ရှိလာခဲ့ကြရာ အများစုမှာ ဂျပ်စတင်ဘီဘာ၏ အနှစ်သက်ဆုံး အရောင် ဖြစ်သော ခရမ်းရောင်တီရှပ်များကို ဝတ်ဆင်ထားသော မိန်းကလေးများ ဖြစ်ကြသည်။ လာရောက်ကြည့် ရှုသူ လူငယ်များနှင့်အတူ ၎င်းတို့၏ မိဘများလည်း အဖေါ်အဖြစ် လိုက်ပါလာကြသည်။
      ကနေဒီယံအဆိုတော် ”ဘီဘာ” ၏ အသံမှာ နက်ဝင်နေသော်လည်း ပရိဿတ်က စိတ်ပျက်သွားခြင်း မရှိပေ။ လက်ရှိတွင် ဂျပ်စတင်ဘီဘာသည် ကမ္ဘာ့အဆင့်တစ် ဆယ်ကျော်သက်အဆိုတော် ဖြစ်ပြီး ရိုးလင်းစတုန်းနှင့် ဗန်နတီဖဲရ် မဂ္ဂဇင်းများ၏ မျက်နှာ်ဖုံးတွင် ထည့်သွင်းဖေါ်ပြထားခြင်း ခံရသူ ဖြစ်ကာ မကြာသေးမီက ထုတ်ပြန်ခဲ့သော တိုင်းမဂ္ဂဇင်း၏ ကမ္ဘာ့သြဇာအာဏာအလွှမ်းမိုးနိုင်ဆုံး လူ ၁၀၀ ၏ စာရင်းတွင် ”ဂျပ်စတင်ဘီဘာ” ၏ အမည်သည်လည်း အခြားသော အနုပညာရှင်များနှင့်အတူ ပါဝင်လာခဲ့သည်။
     ဘီဘာသည် အသက် ၁၇နှစ်သာ ရှိသေးပြီး ယူကျု (You Tube) တွင် စတင်သီချင်းဆိုရာမှ ထုတ်လုပ်သူတစ်ဦး၏ ရွေးချယ်မှုကို ခံရကာ နာမည်ကြီးလာသူတစ်ဦး ဖြစ်သည်။ လက်ရှိတွင် ဓါတ်ပြားချပ်ရေအများအပြား ထုတ်လုပ်ရောင်းချပြီးဖြစ်ရာ Baby, U Smile, One Less Lonely Girl, Somebody to Love, and Never Say Never တို့ဖြစ်ကြသည်။ ဘီဘာ၏ ပွဲစဉ်အတွက် လက်မှတ်မှာ ၉၈ ရင်းဂစ်မှ ၄၉၈ ရင်းဂစ်အထိ အစားစားရှိခဲ့ပြီး ဇန္နဝါရီလမှ စတင်ရောင်းချရာ လက်မှတ်အားလုံး ရောင်းချခဲ့ ရသည်ဟု ဆိုသည်။
      ဘီဘာသည် မလေးရှားပွဲစဉ်အပြီးတွင် ဂျာကာတာ၊ အစ္စရေး၊ သြစတြေးလျပွဲစဉ်များအတွက် ဆက်လက်ဖျော်ဖြေခဲ့သည်။ 


Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။