« »

ဈေးဝယ် ကုန်တိုက်ကြီးတွင် ပစ္စည်းခိုးသူ (၁၉)ယောက်ကို ဖမ်းဆီးမိ


မေလ (၆)ရက် ။   ။အမျိုးသား ၁၂ယောက်နှင့် အမျိုးသမီး ၇ယောက်တို့အား ပေါ့ဒစ်ကင်စန်ရှိ ဈေးဝယ်ကုန်တိုက်ကြီးအတွင်းမှ ပစ္စည်းများခိုးယူမှုဖြင့် မကြာသေးမီ က ဖမ်းဆီးလိုက်သည်။

      ဖမ်းဆီးရမိသူများတွင် မလေးလူမျိုးနှင့် နိုင်ငံခြားသားများ ပါဝင်ပြီး ၎င်းတို့ကို ဧပြီလ ၂၉ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း ကွာလာလမ်ပူ ရာဇဝတ်မှု ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ ”ဒါတွတ်ကူချင်းဝါ” က သတင်း ထုတ်ပြန်သည်။


     ဖမ်းဆီးရမိသူများသည် အသက် ၁၆နှစ်မှ ၅၀နှစ်အတွင်း ဖြစ်ကြပြီး ၎င်းတို့အားလုံးကို ကွာလာ လမ်ပူရဲအဖွဲ့က ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။ 


Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။