« »

တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ် သတင်းများ (ဇူလိုင်လ)


အောက်ပါ "မာတိကာ" မှ ရွေးချယ်ဖတ်ရှုနိုင်ပါသည်...

၂၈၃။ တိုက်ပွဲ မဖြစ်ပွားသေးသည့် ဒေသတချို့တွင် မြန်မာစစ်တပ်က လက်နက်ကြီးများပစ်
၂၈၂။ KIOနဲ့ အစိုးရ ကိုယ်စားလှယ်တို့ မနက်ဖြန်မှာ တွေ့ဖို့ရှိ
၂၈၁။ အစိုးရ စစ်တပ်ယာဉ်တန်းကို SSA တပ်ဖွဲ့ ချုံခိုတိုက်ခိုက်
၂၈၀။ ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် KIO လိုလား
၂၇၉။ ကချင် စစ်ပြေးဒုက္ခသည် ပိုများလာ
၂၇၈။ အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ
၂၇၇။ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁၀ ဦး​ ​ကေအန်ယူနှင့်​ပူး​ပေါင်း
၂၇၆။ ကေအိုင်​အေကို ​သောင်း​ကျန်း​သူအြဖစ် ရှုတ်ချသည့်​ဆွေး​နွေး​ပွဲ ပြုလုပ်
၂၇၅။ ကေအိုင်​အေနှင့်​ မြန်မာအစိုး​ရတပ်အကြား​ တိုက်ပွဲထပ်ဖြစ်​နေ
၂၇၄။ မြန်မာစစ်တပ် အချင်းချင်း မော်တာကျည်ဖြင့် အပြန်အလှန် ပစ်ခတ်ကြ
၂၇၃။ ကျောက်မဲပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံး
၂၇၂။ နယ်ခြားစောင့် ၁၀ဦး KNLA တပ်မဟာ(၇)ထံ လာရောက် ပူးပေါင်း
၂၇၁။ ကရင်နီနယ်ခြားစောင့်တပ်အပေါ် စစ်တပ်မှ ယုံကြည်မှု လျော့နည်းလာ
၂၇၀။ မြန်မာစစ်တပ် ရန်ပြုလာမည် ဖားကန့် ကချင်လူငယ်များ စိုးရိမ်နေ
၂၆၉။ KIO အား ပြည်ပ ကချင်အဖွဲ့အစည်းများ ငွေကြေး ကူညီ
၂၆၈။ မြေသိမ်းမှုကြောင့် ရှမ်းတိုက်ပွဲများဖြစ်ရ
၂၆၇။ ရှမ်း​ပြည်နယ်တွင်း​ ချုံခိုတိုက်ပွဲများ​ ဆက်လက်ဖြစ်ပွား
၂၆၆။ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိတ်ဖွင့်ပေးစာပို့
၂၆၅။ အရပ်ဝတ်ဖြင့် မြန်မာစစ်သည်များ ဗန်းမော် ပို့
၂၆၄။ ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို
၂၆၃။ အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဟု KIO ယူဆ
၂၆၂။ မြန်မာစစ်တပ်အား စုပေါင်းတိုက်ခိုက်ရန် UNFC တိုက်တွန်း
၂၆၁။ SSA မြောက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွား
၂၆၀။ မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်
၂၅၉။ SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ
၂၅၈။ စစ်တပ်၏ ဗိုလ်ကျမူ ရခိုင်ပြည်နယ် အစိုးရ မတားဆီးနိုင်
၂၅၇။ မြန်မာစစ်သည်တဦး ကေအဲန်ယူ တပ်မဟာ(၇)ထံ ထွက်ပြေးရာက်ရှိ
၂၅၆။ KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲဆက်ဖြစ် ၊ ရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေး
၂၅၅။ ကေအိုင်​အေနှင့်​ အစိုး​ရတပ်အကြား​ တိုက်ပွဲများ​ ဆက်ဖြစ်
၂၅၄။ မြန်မာအစိုးရနှင့် KIO အပစ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမည်
၂၅၃။ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ စစ်ပွဲတွေရပ်ဖို့ ရှမ်းပါတီ တောင်းဆို
၂၅၂။ SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ် သံဃာတော် ၂ ပါး စေလွှတ်
၂၅၁။ အစိုးရတပ်က မြောက်ပိုင်း SSA ထံ ငြိမ်းချမ်းရေး ကမ်းလှမ်း
၂၅၀။ ကားမိုင်းတိုက်ပွဲတွင် မြန်မာစစ်သား ၄ ဦးသေ၊ ၁၂ ဦးကျော် ဒဏ်ရာရ
၂၄၉။ အစိုးရတပ် စစ်ဗျူဟာမှူးများ လူနေရပ်ရွာ၌ အခြေချပြီး စစ်ရေးကွပ်ကဲ
၂၄၈။ SSPP/ SSA ဌာနချုပ် သိမ်းပိုက်ရန် အသေခံတပ်ဖြင့် နည်းဗျူဟာ ပြောင်းတိုက်ဖွယ်ရှိ
၂၄၇။ ရှမ်းပြည် တိုးတက်ရေးပါတီဌာနချုပ်ကို အစိုးရတပ် ဝိုင်းရံဆဲ
၂၄၆။ ယာယီအပစ်ရပ်ရေး ကမ်းလှမ်းချက်ကို တနိုင်ငံလုံး အပစ်ရပ်စဲရန် ကေအိုင်အို အကြောင်းပြန်
၂၄၅။ မြန်မာစစ်တပ်နှင့် KIA တိုက်ပွဲ ၃ နေရာတွင် ဖြစ်
၂၄၄။ မြန်မာအစိုးရတပ်တွေ SSA ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းရံပိတ်ဆို့
၂၄၃။ ကေအိုင်အေ နဲ့ အစိုးရ တွေ့ဖို့ရှိ
၂၄၂။ ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နှင့်​အစိုး​ရပူး​ပေါင်း​တပ် လက်နက်ကြီး​ဖြင့်​ပစ်
၂၄၁။ အစိုးရတပ်က ကချင်ဘက် လက်နက်ကြီး ပစ်ခတ်
၂၄၀။ အစိုးရနှင့် KIO ပစ်ခတ်မှု ဆက်လက်ရှိနေဆဲ
၂၃၉။ ဗန်း​မော်-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်ပြီး​ တံတား​မိုင်း​ခွဲဖျက်ဆီး
၂၃၈။ စစ်တပ်၏ လမ်းပိတ်ဆို့မှုကြောင့် ရွာသားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
၂၃၇။ ဒေသတွင်း တိုက်ပွဲများကြောင့် မံစီမြို့နယ် ဒေသခံများ အခက်အခဲဖြစ်
၂၃၆။ မြန်မာ့တပ်မတော်အား အတုမခိုးရန် ကေဒါတပ်သားများအား ဗိုလ်ချုပ်ပန်ဖှ တားမြစ်မိန့်ထုတ်
၂၃၅။ စစ်လက်နက်အထောက်အပံ့ ရပ်ဆိုင်းရေး အိန္ဒိယ အစိုးရကို ဆန္ဒပြ
၂၃၄။ ရှမ်း​တပ်ကို ဗုံး​ကြဲရန် အစိုး​ရပြင်ဆင်
၂၃၃။ SSA မြောက်ပိုင်းဌာချုပ် ၀မ်ဟိုင်းကို ၀ိုင်းထားစဲ
၂၃၂။ အစိုးရတပ်တွေ SSA/SSPP ဌာနချုပ်နဲ့ အနီးဆုံးကို ရောက်လာပြီ
၂၃၁။ မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ
၂၃၀။ ရွာသား ၂ဦးကို အစိုးရစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့
၂၂၉။ KIA နဲ့ အစိုးရကြား တိုက်ခိုက်မှုတွေဆက်
၂၂၈။ အစိုးရတပ်က KIO ဌာနချုပ်ဖက်ကို လက်နက်ကြီးနဲ့ပစ်
၂၂၇။ ကချင်စစ်ပွဲကြောင့် ဧရာဝတီသင်္ဘောများ ဝင်ငွေ ၃ ဆကျော် ထိုးကျ
၂၂၆။ စစ်တပ် ရိက္ခာတင် လှေတစီး ရေထဲမြုပ်၊ လှေထိုးသား တဦးသေဆုံး
၂၂၅။ ကလေးစစ်သား စုဆောင်းခံရသူကို သုံးသိန်းနဲ့ ပြန်ရွေးခိုင်း
၂၂၄။ ကေအဲန်ယူနှင့် တိုက်ခိုက်မှုကြောင့် BGF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံး
၂၂၃။ DKBA လက်နက်ကြီးများဖြင့် အပစ်ခံရ
၂၂၂။ လိုင်ဇာကို လက်နက်ကြီး​များ​ဖြင့်​ လှမ်း​ပစ်
၂၂၁။ KIA က အဓိက တံတား တခုကို ဖောက်ခွဲ
၂၂၀။ ပထမဆုံးအကြိမ် တရုတ်က ကချင် ဒုက္ခသည်များအတွက် ဆေးဝါးထောက်ပံ့
၂၁၉။ SSA က တန်ပြန် ထိုးစစ်ဆင်
၂၁၈။ SSA-N ဌာနချုပ်ကို သိမ်းရန် မြန်မာစစ်တပ်မှ အင်အားဖြည့်နေ
၂၁၇။ ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​တပ်နှင့်​အစိုး​ရတပ် ပူး​ပေါင်း​ထိုး​စစ်ဆင်
၂၁၆။ ပေါ်တာများ​နှင့်​ချီတက်လာသည့်​စစ်​ကြောင်း​ကို ​ကေအိုင်​အေ ချုံခိုတိုက်ခိုက်
၂၁၅။ ကချင်အမျိုးသမီး ၃၂ အားမြန်မာစစ်တပ် က အဓ္ဓမပြုကျင့်
၂၁၄။ KIAဗုံးခွဲမှုကြောင့် ဂါးရာယန် တံတား ကျိုးကျ ပျက်စီး
၂၁၃။ ကချင်ဒုက္ခသည်များ​အတွက် အ​ရေး​ပေါ်အကူအညီလိုအပ်
၂၁၂။ အစိုးရစစ်တပ်မှ အနည်းဆုံး ဗိုလ်မှူး (၁) ဦးနဲ့ တပ်သား (၂) ဦးကျဆုံး
၂၁၁။ မိုင်းရယ် စစ်ဗျူဟာရုံးကို ရှမ်းတပ်မတော် ထိုးစစ်ဆင်
၂၁၀။ ကရင်ပြည်နယ်တွင်း ဒီကေဘီအေနဲ့ တိုက်ပွဲထပ်ဖြစ်
၂၀၉။ တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ ဥရောပစိတ်မ၀င်စား
၂၀၈။ ကချင်ဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ်
၂၀၇။ အကျဉ်းကျ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ၅ ဦး မြန်မာအစိုးရ ပြန်လွှတ်ပေး
၂၀၆။ ကချင်ဒေသ တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ အနည်းဆုံး ဗိုလ်မှူး သုံးဦး ကျဆုံး
၂၀၆။ ကချင် တောင်ပိုင်းတိုက်ပွဲတွင် မြန်မာ တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ
၂၀၅။ အစိုးရတပ်မှ ၇ ဦး KIO မိထားဆို
၂၀၄။ ဝမ့်ဟိုင်းဌာနချုပ် သိမ်းပိုက်ရန် စစ်တိုင်း ၃ တိုင်း တာဝန်ခွဲဝေ
၂၀၃။ SSA က မြန်မာစစ်တပ် နောက်တန်းစခန်းများကို တိုက်ခိုက်
၂၀၂။ သျှမ်းပြည်တောင်ပိုင်း မြန်မာတပ်စခန်းတခုအား သျှမ်းပြည် တပ်မတော် စီးနင်းတိုက်ခိုက်
၂၀၁။ မြန်မာစစ်တပ်အရာရှိအသုဘ ချုံခိုတိုက်ခိုက်ခံရ သေကြေဒဏ်ရာရများပြား
၂၀၀။ အရေးပေါ် အသုံးပြုနိုင်ရန် လူထုကားများ စတဲန်းပိုင် စောင့်ခိုင်း
၁၉၉။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူများ အစာရေစာငတ်ပြတ်
၁၉၈။ မြေမြုပ်မိုင်းဒဏ် ၂ ဦးခံရသူအနက် ၁ ဦး ခြေတစ်ဖက်ဖြတ်ခံရ
၁၉၇။ တပ်သားသစ်များ စုဆောင်းရန် ညွှန်ကြား
၁၉၆။ SSA/SSPP ဌာနချုပ်နဲ့ ၅ မိုင်အကွာ မြန်မာစစ်တပ် ရှေ့မတိုးနိုင်သေး
၁၉၅။ ရှမ်းပြည်တပ်မတော်SSA ဌာနချုပ်ကျဆုံးလုနီး
၁၉၄။ ဗိုလ်ကြီးတဦး အပါအ၀င် မြန်မာတပ်မတော်သား (၇) ဦးကို KIA က ဖမ်းထား
၁၉၃။ ကချင်ဒေသမှာ ဒုက္ခသည်တွေ အကူအညီ လိုအပ်နေ
၁၉၂။ ရှမ်း​ပြည်တပ်မ​တော်က မိုင်း​ရယ်မြို့တွင်း​သို့​ ဝင်​ရောက်စီး​နင်း
၁၉၁။ SSA နှင့် မြန်မာစစ်တပ် တိုက်ပွဲများကြောင့် ကျောင်းခပ်များများပိတ်ထားရ
၁၉၀။ မြန်မာစစ်ဗိုလ်တစ်ဦးအား သျှမ်းစစ်သားထပ်မံ ပစ်သတ်သေနတ်လုပြေး
၁၈၉။ ရှမ်းပြည်တပ်မတော်ဌာနချုပ်ကို အစိုးရတပ်က သိမ်းပိုက်ရန် အမိန့်ပေးထားဟုဆို
၁၈၉။ SSPP/SSA ဌာနချုပ်အား ၁၂၀ မမ လက်နက်ကြီး အနည်းဆုံး ၇ လက်ဖြင့် တိုက်ခိုက်ရန်ပြင်ဆင်
၁၈၈။ အစိုးရတပ် အပြောင်းအလဲတွင် ရွာသားများ လမ်းပြအဖြစ် လိုက်ပါနေရ
၁၈၇။ ကေအိုင်အေအဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်၊ လက်နက်များ သိမ်းဆည်းရမိ
၁၈၆။ ခယာတိုက်ပွဲ၌ မြန်မာစစ်သား ၇ ဦး အရှင်ဖမ်းဆီးရမိ
၁၈၅။ ဖမ်းဆီးထားသော မြန်မာစစ်သားများကို KIA ပြန်လွတ်ပေးမည်
၁၈၄။ KIA တပ်မဟာ ၄ ကိုသိမ်းပိုက်ရန် မြန်မာက တရုတ်ကိုအကြောင်းကြား
၁၈၃။ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့ကို မြန်မာစစ်တပ် ထိုးစစ်ဆင်တော့မည်လော
၁၈၂။ ကချင်ဒုက္ခသည်များကို လုံခြုံသည့်နေရာသို့ စတင်ပြောင်းရွှေ့
၁၈၁။ ဝ အာဏာပိုင်များ လူအဝင်အထွက်တင်းကြပ် ရာချီဖမ်း တပ်သားသစ်စုဆောင်း
၁၈၀။ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ် မြန်မာစစ်တပ် သိမ်းပိုက်လုနီး
၁၇၉။ SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် နှင့် ၅ မိုင်ကျော်အကွာ မြန်မာစစ်တပ်ရောက်ရှိ
၁၇၈။ SSA က မြန်မာစစ်တပ် ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်
၁၇၇။ မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး မလုပ်ရန် KIO ဆွေးနွေး
၁၇၆။ တိုက်ပွဲတွေကြောင့် ကချင်ပြည်သူတွေဒုက္ခရောက်
၁၇၅။ ရွှေမထွက်သောကြောင့် ရ၀မ်ပြည်သူ့စစ်များ ထွက်ပြေး
၁၇၄။ မြစ်ကြီး​နား​-ဗန်း​မော် ကား​လမ်း​ပေါ် တိုက်ပွဲဆက်ဖြစ်
၁၇၃။ ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သုံ့​ပန်း​ ၅ ဦး​ ​ကေအိုင်​အေ ဖမ်း​မိ
၁၇၂။ တတိုင်းပြည်လုံး အပစ်ရပ်ရန် KIO ပြော
၁၇၁။ စစ်ရေးပဋိပက္ခကြောင့် ကချင်ဒေသအတွင်း ပေါ်တာဆွဲနေ
၁၇၀။ ရှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ်ဟိုင်း ဇူလိုင် ၁၇ အခြေအနေ
၁၆၉။ နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ ဆုတ်ခွာ
၁၆၈။ ရှမ်းပြည်တပ်မတော် စခန်းတချို့ ဆုတ်ခွာ
၁၆၇။ ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲဆက်
၁၆၆။ ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြင်းထန်
၁၆၅။ KIA ဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု မှတ်တမ်းရုပ်သံ
၁၆၄။ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်
၁၆၃။ ရှမ်းပြည်တပ်မတော်နဲ့ ကြံ့ဖွတ်စစ်အစိုးရ စစ်တပ်ကြား တိုက်ပွဲအခြေအနေများ
၁၆၂။ မြန်မာအစိုးရ စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေချိုးဖောက်ဟု ဝေဖန်ခံရ
၁၆၁။ ဗိုလ်မှူးစောဘိ၏ ခွဲထွက် နယ်ခြားစောင့်တပ်ဖွဲ့ စစ်ရေးပြင်ဆင်ပြီး
၁၆၀။ စစ်ဖြစ်​နေသည့်​ကြား​က မြစ်ဆုံ​ရေကာတာ ဆက်​ဆောက်
၁၅၉။ တိုက်ပွဲဖြစ်​နေမှုကို ကြား​ဝင်​ဆောင်ရွက်​ပေး​ရန် တရုတ်ကို ​ကေအိုင်အို ပန်ကြား
၁၅၈။ ကချင် တပ်သားတွေကို အစိုးရတပ် အစုလိုက်သတ် လို့ KIA ပြော
၁၅၇။ ဒါဏ်ရာရသူများအား အစိုးရတပ် စစ်ရဟတ်ယာဉ်ဖြင့်သယ်ယူ
၁၅၆။ ကချင်နဲ့ ရှမ်းစစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှမ်းပါတီ တိုင်တန်းမည်
၁၅၅။ SSA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်ဖြစ်
၁၅၄။ ကချင် KIA နဲ့ ကချင် ဒေသခံဆွေးနွေးပွဲ
၁၅၃။ KIO က ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်
၁၅၂။ UWSA တရုတ်၌သာ လက်နက်ချမည်
၁၅၁။ SSA မြောက်ပိုင်းဌာနချုပ်ကို မြန်မာအစိုးရတပ် ထိုးစစ်ဆင်
၁၅၀။ အစိုး​ရက ရှမ်း​ပြည်တပ်မ​တော်ကို ဗုံး​ကြဲ
၁၄၉။ ဝမ့်ဟိုင်းဌာနချုပ်မြောက်ဖက် မြန်မာရှေ့တန်း ခံတပ်စခန်းအား SSPP/ SSA တိုက်ခိုက်စီးနင်း မီးရှို့
၁၄၈။ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၅ ဦး​ ဒီ​ကေဘီ​အေနှင့်​ ပူး​ပေါင်း
၁၄၇။ အစိုး​ရတပ်က အကျဉ်း​သား​ပေါ်တာများ​ကို မိုင်း​ရှင်း​ကိရိယာအဖြစ် အသုံး​ပြုဆဲ
၁၄၆။ ကချင်ဒေသ ပဋိပက္ခ တရုတ် ဝင်ကူဖို့ KIO ပန်ကြား
၁၄၅။ မြန်မာစစ်တပ် အမြောက်လေ့ကျင့်မှုနဲ့ မိုင်းကြောင့် ကချင်ဒေသခံ ၂၀ ဒဏ်ရာရ
၁၄၄။ ရှမ်းပြည် ကျေးသီးနယ်မှာ မြန်မာအစိုးရတပ်က လေယာဉ်နဲ့ ဗုံးကျဲ
၁၄၃။ အကျဉ်းသားပေါ်တာများကို မြန်မာ စစ်တပ် အသုံးပြုမှုရပ်တန့်ရန် လိုအပ်
၁၄၂။ တိုက်ပွဲတွေအတွင်း အစိုးရစစ်တပ် လူ့အခွင့်ရေးချိုးဖေါက်
၁၄၁။ မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် စစ်ဆင်ရေး ဂျီနီဗာ ပြဋ္ဌာန်းချက် ချိုးဖောက်
၁၄၀။ နယ်ခြားစောင့် ၆ဦး လက်နက် ခဲယမ်းနဲ့အတူ KNLA ထံ လာရောက်ပူးပေါင်း
၁၃၉။ SSA-N/SSPP ဒေသတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာ
၁၃၈။ ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် ၄ ရက်ဆက်တိုက်ပွဲဖြစ်
၁၃၇။ SSA/SSPP က အစိုးရတပ်စခန်းတခုကို သိမ်းပိုက်
၁၃၆။ SSPP/SSA ဌာနချုပ်မြောက်ဖက်ဂွင်သို့ အစိုးရစစ်တပ် အင်အားအလုံးအရင်းဖြင့်ချဉ်းကပ်
၁၃၅။ SSA ဋ္ဌာနချုပ် ဝမ့်ဟိုင်းမြောက်ဘက်လုံ ခြုံရေးစခန်းကို မြန်မာစစ်တပ် ထိုးစစ်ဆင်
၁၃၄။ အစိုးရစစ်တပ်မှ လက်နက်ကြီးများစမ်းသပ်ပစ်ခတ်မှုတွင် ဒေသခံများ ထိခိုက်ဒဏ်ရာရ
၁၃၃။ မြန်မာစစ်တပ်မှ ကချင်အမျိုးသမီး ၇ ဦးကို ပေါ်တာဆွဲ
၁၃၂။ မြန်မာစစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ ထပ်မံရောက်ရှိ
၁၃၁။ ရှမ်းတပ်တွေကို အစိုးရတပ်က လေကြောင်းက တိုက်ခိုက်
၁၃၀။ ရှမ်းတပ် ဗုံးကြဲတိုက်ခိုက်ခံရဟု SSA တောင်ပိုင်းပြော
၁၂၉။ အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် မြန်မာစစ်တပ် အသုံးပြု
၁၂၈။ အကျဉ်းသားပေါ်တာအသုံးပြုမှု စစ်ရာဇ၀တ်မှုတမျိုးဖြစ်
၁၂၇။ KIA အပစ်ခတ်ရပ်စဲရန် ကချင်လူထု မလိုလား
၁၂၆။ ကလေးစစ်သား အရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက်ချ
၁၂၅။ မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှု ILO စိုးရိမ်
၁၂၄။ SSA နှင့်KIA ပူးပေါင်းတိုက်ခိုက် ၊ အစိုးရတပ်ဘက်မှ ၅ ဦးသေ 
၁၂၃။ လူထုစည်းဝေးပွဲမှာ ကချင်အရေး ဆွေးနွေး
၁၂၂။ စစ်ဖြစ်နေသောကချင်ပြည်နယ်အတွက် အသင်းတော်များ အစာရှောင် ဆုတောင်း
၁၂၁။ စစ်​ပြေး​ဒုက္ခသည်က​လေး​ငယ်များ​ ဝမ်း​ပျက်ဝမ်း​လျှော​ရောဂါဖြစ်၊​ သုံး​ဦး​သေဆုံး
၁၂၀။ အပစ်ရပ်ဆိုင်းရေး KIO လူထုသဘောထားခံ
၁၁၉။ ရွာထဲသို့ လက်နက်ကြီးများပစ်ချ၍ ရွာသားများဒဏ်ရာရရှိ
၁၁၈။ SSPP/SSA ဌာနချုပ်အနီးတိုက်ပွဲပြင်းထန် မြန်မာတပ်သားတဦးအား သျှမ်းတပ်အရှင်ဖမ်းမိ
၁၁၇။ KIO ဌာနချုပ် လိုင်ဇာမှာ လူထု ဆွေးနွေးပွဲ ကျင်းပနေ
၁၁၆။ KIA နှင့် အစိုးရတပ် လက်နက်ကိုင်ပဋိပက္ခ အကြား အရပ်သားများ ဓါးစာခံဖြစ်
၁၁၅။ KIA နှင့် အစိုးရတပ် လက်နက်ကိုင်ပဋိပက္ခ အကြား အရပ်သားများ ဓါးစာခံဖြစ်
၁၁၄။ ကေအိုင်​အေက ထိန်း​ချုပ်​မြေထဲဝင်လာသူများ​ကို စစ်​ဆေး
၁၁၃။ မြန်မာအစိုးရက လူမျိုးတူချင်းရန်တိုက် စနစ်ဖြင့် ကချင်ကို တိုက်
၁၁၂။ တပ်​ပြေး​ က​လေး​စစ်သား​ကို ပြန်လည်ဖမ်း​ဆီး​နှိပ်စက်
၁၁၁။ စစ်ကား ၅၂ စီးစာ အိန္ဒိယ စစ်လက်နက်များ မြန်မာစစ်တပ်က သယ်ဆောင်သွား
၁၁၀။ အကျဉ်းသား(ပြောင်း) လုံခြုံရေးရဲတပ်ဖွဲ့နှင့် SSA တိုက်ခိုက်မှုဖြစ် ၆ ယောက်ထက်မနည်းသေ
၁၀၉။ ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ်တိုက်ပွဲ ၁၁ ဦး​ ​သေဆုံး
၁၀၈။ တိုင်းရင်းသားတွေကို တိုက်ခိုက်မှု OMCC မွန်အဖွဲ့ ကန့်ကွက်
၁၀၇။ KIO ဌာနချုပ် လိုင်ဇာမှာ လူထု ဆွေးနွေးပွဲ ကျင်းပဖို့ရှိ
၁၀၆။ KIA စခန်းကို ပစ်ခတ်မှု ရန်စတဲ့ လုပ်ရပ်ဟု KIO သုံးသပ်
၁၀၅။ မြန်မာစစ်တပ်နှင့် SSA နောက်ဆက်တွဲ တိုက်ပွဲကြောင့် ကိုးဦး သေဆုံး
၁၀၄။ သုံးကြိမ်မြောက် ထွက်ပြေးလာတဲ့ ကလေးစစ်သား သုံးကြိမ်မြောက် ဖမ်းဆီးခံရ
၁၀၃။ ကေအိုင်အေက အစိုးရစစ်သားတချို့ကို ဖမ်းဆီး
၁၀၂။ မြဝတီဗုံးပေါက်မှု ထိခိုက်သူ မရှိ
၁၀၁။ မြဝတီ တိုက်ပွဲဖြစ် ဗုံးကွဲ
၁၀၀။ ၆ လ ယာယီ အပစ်ရပ်ရေး ကေအိုင်အေ တောင်းဆို
၉၉။ လိုင်ဇာနဲ့ ကချင်လွတ်မြောက်ရေး
၉၈။ ယာယီ အပစ်ရပ်ရေး သဘောတူ စာချုပ် ချုပ်ဖို့ KIO တောင်းဆို
၉၇။ မြန်မာတပ်မှ ဘွမ်ဆဲန်တောင် ပြန်တိုက် ယူရန် KIA အသင့်ရှိ
၉၆။ အစိုးရတပ်ရဲ့ ကျည်ထိပြီး အရပ်သား တစ်ဦးသေ
၉၅။ KIA ရှေ့တန်းဌာနချုပ်ကို မြန်မာအစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်
၉၄။ အစိုးရနဲ့ KIO နေ့စဉ် ပစ်ခတ်မှု ရှိနေဆဲ
၉၃။ ကချင်ဒုက္ခသည်များကို မကူရန် မြန်မာအစိုးရ ဟန့်တားဟုဆို
၉၂။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါး - ရတနာမြေမှ အမျိုးသမီးများ မုဒိန်းကျင့်သတ်ဖြတ်ခံရ
၉၁။ အက်စ်အက်စ်အေ နယ်မြေ တွင်း တိုက်ပွဲတွေဖြစ်
၉၀။ ကရင်ပြည်နယ်အတွင်း မြို့တွင်းတိုက်ပွဲဖြစ်မည်ကို လူထုစိုးရိမ်
၈၉။ မြန်မာ စစ်တပ်ဟာ ကလေး စစ်သား စုဆောင်းဆဲ
၈၈။ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း ဖယ်ရှားခံရ
၈၇။ တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ
၈၆။ ခွဲထွက်ကရင်များကို စည်းရုံးရေး မအောင်မြင်
၈၅။ သံဖြူဇရပ်မြို့စောင့်တပ်မိသားစု အပြင်ထွက်အိပ်နေရ
၈၄။ ငြိမ်းချမ်းရေး အဖွဲ့ ပေးစာအပေါ် တိုက်ရိုက် တုန့်ပြန်မည် မဟုတ်ဟု KIO ကပြော
၈၃။ မြန်မာစစ်ကားတန်းကို ကေအိုင်အေ ဗုံးခွဲတိုက်ခိုက်
၈၂။ ပြည်နယ်အစိုးရ အပစ်ရပ်ကမ်းလှမ်းမှု KIO ထပ်မံပယ်ချ
၈၁။ ပြည်နယ်အစိုးရ ကမ်းလှမ်းမှု KIA လက်မခံ
၈၀။ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ရပ်ရေး အာမခံဖို့ KIA မျှော်လင့်
၇၉။ ကချင် ဒုက္ခသည် အရေး ရေရှည်မှာ ရင်လေးစရာ
၇၈။ ရှမ်းပြည်နယ်တွင် ရခိုင်လူငယ် ၃ ဦး ပစ်သတ်ခံရ
၇၇။ သျှမ်းပြည်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွါး လူထုပိုင်ဆိုင်မှုလုယူခြင်းခံရ
၇၆။ ကချင်ပြည်နယ်ဝန်ကြီး​၏ ကိုယ်စား​လှယ်များ​ကို ​ကေအိုင်အို ​တွေ့​ဆုံ
၇၅။ ကချင်ဒုက္ခသည်များ KIO ကူညီ
၇၄။ ကချင်ဒုက္ခသည်များ အတွက် မကဒတ ဟောင်းများ ပစ္စည်းလှူဒါန်း
၇၃။ မြို့ပေါ်ဒေသများတွင် တိုက်ခိုက်ခြင်းမပြုရန် KIO အမိန့်ထုတ်
၇၂။ ကေအိုင်​အေနှင့်​အစိုး​ရတပ် ဆက်လက်တိုက်ခိုက်
၇၁။ မြ၀တီရှိ BGF တပ်ဖွဲ့အား KNLA ၀င်ရောက်ပစ်ခတ်၊ ၃ဦး ထိခိုက် ဒဏ်ရာရှိ
၇၀။ မြန်မာတပ်အရာရှိအား လုပ်ကြံရခြင်း အကြောင်းရင်း သျှမ်းတပ်သားထွက်ဆို
၆၉။ ကချင်နှင့်သျှမ်းတပ် ပူးပေါင်း တိုက်ခိုက် ၊ ပြည်သူ့စစ် ၆ ဦး ကျဟု ဆို
၆၈။ မြန်မာစစ်သား ၅ ဦးကို KIA တပ်မဟာ ၄ လွှတ်ပေး
၆၇။ မြန်မာအစိုးရပစ်မှတ် တိုက်ခိုက်ခြင်း KIA ကန့်သတ်
၆၆။ ကေအန်ယူနဲ့ အစိုးရတပ်တိုက်ပွဲ တပ်ရင်းမှူးတဦးကျ
၆၅။ KNLA တပ်ဖွဲ့ဝင်များ စောင့်ကြို ပစ်ခတ်မှုကြောင့် ခမရ(၅၄၇) တပ်ရင်းမှူးကျဆုံး
၆၄။ ရှမ်းမြောက်တွင် မြန်မာစစ်ကားတစ်စီးအား KIA တိုက်ခိုက်
၆၃။ KIAနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ထပ်ဖြစ်
၆၂။ ကေအန်ယူတပ်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်
၆၁။ အပစ်ခတ်ခံရသူ ရွာသား ဆေးကုသရန် မြန်မာစစ်တပ် တားဆီး
၆၀။ စစ်ကိုင်းလွှတ်တော်သို့ KIAကို ကန့်ကွက်ရန် အဆိုတင်သွင်း
၅၉။ မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ ကချင်ဒေသတွင် ပြည်သူများ ဒုက္ခရောက်နေ
၅၈။ ကချင်စစ်ပြေးဒုက္ခသည်တွေ မြစ်ကြီးနားမြို့ပေါ် ခိုလှုံ
၅၇။ ကြံ့ကြံ့ခံရင်ဆိုင်နေသည့် ကေအိုင်အေ (ဓါတ်ပုံသတင်း)
၅၆။ နယ်ခြားစောင့် အဟောင်း-အသစ် တိုက်ပွဲဖြစ်
၅၅။ တိုက်ပွဲများ​ ကျယ်ပြန့်​လာသည့်​အ​ပေါ် အထူး​စိုး​ရိမ်​ကြောင်း​ စီအာပီပီ​ပြော
၅၄။ မြန်မာနယ်စပ် လုံခြုံရေး အခြေအနေ ထိုင်းနိုင်ငံ စောင့်ကြည့်
၅၃။ ဇွန်လအတွင်း သတင်းများသို့


၆၂။ ကေအန်ယူတပ်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ် (ဇူလိုင်၊ ၂၊ ၂၀၁၁)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ခလယ်ဒေး ရွာနားမှာ ကေအန်ယူ တပ်မဟာ ၇ ဗဟို လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ခမရ ၅၄၇ တပ်တွေ အကြား ဒီကနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ ပါတယ်။
တနာရီလောက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်က တပ်ရင်းမှူး ကျသွားတယ်လို့ ကေအန်ယူ တပ်မဟာ ၇ ရုံးထိုင်မှူးဖြစ်သူ ဗိုလ်မှူး အယ်လ်ဆေးဆေးက ပြောပါတယ်။

အစိုးရတပ်က တပ်ခွဲမှူးတယောက်နဲ့ တပ်ကြပ်ကြီးတယောက်လည်း ဒဏ်ရရာသွားကြောင်း သူက ဆက်ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသဘက်မှာ ဒီကေဘီကေ အသွင် ပြန်ပြောင်းလိုက်တဲ့ တပ်တွေနဲ့ နယ်ခြားစောင့် တပ်တွေအကြား အခြေအနေ တင်းမာမှုတွေ ရှိနေခဲ့တာကြောင့် အစိုးရတပ်တွေကို အဲဒီဒေသဘက်တွေမှာ တိုးချလာတာ ဖြစ်ပါတယ်။

အခုလို တပ်တိုးချဖို့ စေလွှတ်လိုက်တဲ့ အစိုးရတပ်တွေကို ကေအန်ယူက ကြားကနေ ဝင်တိုက် ခဲ့တာ ဖြစ်ပါတယ်။
BBC


၆၁။ အပစ်ခတ်ခံရသူ ရွာသား ဆေးကုသရန် မြန်မာစစ်တပ် တားဆီး (ဇူလိုင်၊ ၁၊ ၂၀၁၁)

မြန်မာစစ်တပ် ပစ်ခတ်ခြင်းခံရသော ဒေသခံ ရွာသား အား မြို့အဝင်ဂိတ်စောင့် စစ်သားများက မြို့ဆေးရုံ ပို့ခွင့်မပေးကြောင်း သိရသည်။
ပစ်ခတ်ခံရသူ စိုင်းပန့်(အသက် ၃၃ နှစ်)သည် မိုင်းရယ်မြို့နယ် ဝမ့်ပုံရွာသားဖြစ်ပြီး ဂျွန် ၂၁ ရက် နံနက် ၂:ဝဝ နာရီ လက်ဖက်ခြောက်စက်ရုံမှ အိမ်အပြန်လမ်း၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောပါသည်။

“မိုင်းရယ်တောင်ဖက် မိုင်းရှုးကားလမ်းနားက ဝမ့်ပုံရွာမှာ စခန်းချတဲ့ ခလရ ၃၂၅ က သူ့ကိုပစ်တာ။ အချိန်က လဲ မနက် ၂ နာရီဆိုတော့ မမေးမမြန်းဘဲ ပစ်ထဲ့လိုက်တာ နေမှာ။ ကံကောင်းလို့ မသေတာ” ဟု ဆို၏။

ခလရ ၃၂၅ ၏ ဝမ့်ပုံတပ်စခန်းတွင် တပ်ခွဲမှူး ဗိုလ်ကြီး နိုင်ဝင်းဦးက ဦးဆောင်သည်ဟု မိုင်းရယ်ဒေသခံ တစ်ဦးကလည်း ပြောပါသည်။

“ဘယ်ပါးမှာ တစ်ချက်၊ ညာဘက်လည်ပင်းမှာ တစ်ချက်နဲ့ ညာလက်မောင်းမှာ ရှပ်မှန်တယ်။ ညာလက်မောင်း ရိုးထိသွားလားမသိဘူး။ ကျိုးသွားတယ်လို့ အတွေ့အကြုံရှိသူတွေပြောတယ်” ဟု အဆိုပါ အမျိုးက ဆက်လက်ရှင်းပြသည်။

ပစ်ခတ်ခံရပြီးနောက် မိဘဆွေမျိုးများက ဆေးကုသရန် မိုင်းရယ်ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် မြို့အဝင် ဂိတ်စောင့် မြန်မာစစ်သားများက တားဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောပြသည်။

“မိုင်းရယ်ဆေးရုံမှာ ဆေးကုဖို့သွားတော့ မြို့အဝင်ဂိတ်စောင့် ဗမာစစ်သားတွေက မပေးဝင်ဘူး။ ဘယ်လို တောင်းပန် ပြောပြော ပေးမသွားဘူး။ ဒါကြောင့် လှည့်ပြန်ခဲ့ရတယ်”

ပစ်ခတ်ခံရသူ စိုင်းပန့်သည် မိုင်းရယ်မြို့နယ် ဝမ့်ပုံကျေးရွာမှ လုံးအောနှင့် ပါ့သန်းလူ တို့၏ သားဖြစ်သည်။
သျှမ်းသံတော်ဆင့်


၆၀။ စစ်ကိုင်းလွှတ်တော်သို့ KIAကို ကန့်ကွက်ရန် အဆိုတင်သွင်း (ဇူလိုင်၊ ၁၊ ၂၀၁၁)

ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)အရာရှိများ ဇွန် ၃၀ ရက် တွေ့ဆုံစဉ် တစ်ရက်တည်းတွင် စစ်ကိုင်းလွှတ်တော်က KIAကို ကန့်ကွက်သည့် အဆိုတင်သွင်းချက်ကို ဆွေးနွေးသွားမည်ဟု ဇူလှိုင် ၁ ရက် မြန်မာအစိုးရအာဘော်သတင်းစာတွင် ပါရှိသည်။

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် ထီးချိုင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင် က
“ကချင်ပြည်နယ်အခြေစိုက် KIA အဖွဲ့၏ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း၊ ပြည်နယ်တွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများအား KIA မှ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကန့်ကွက်ကြောင်း”
တင်သွင်းချက်ကို လက်ခံဆွေးနွေးသွားရန် သတင်းစာတွင် ဖော်ပြထားသည်။
ထို့အတူ ဇွန် ၁၇ ရက် ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် KIO/KIA တွေ့ဆုံပြီးနောက်ရက်တွင်လည်း အစိုးရအာဘော်သတင်းစာ၌
“KIA တပ်ဖွဲ့များက ခြိမ်းခြောက်ခြင်း၊ စတင်ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် မိမိတပ်မတော်စစ်ကြောင်းများက မလွှဲမရှောင်သာ ပြန်လည်တိုက်ခိုက်ခဲ့ရ”
ဟု ဖော်ပြထားပြန်သည်။

ဇွန် ၉ ရက် ဗန်းမော်ခရိုင် အင်မောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်စီမံကိန်းများအနီး ဆန်ဂန်တွင် မြန်မာစစ်တပ်က KIO/KIA အခြေစိုက်စခန်း Bum Sen (ဘွမ်ဆဲန်)ကို ၀င်ရောက်သိမ်းပိုက်ရာမှ နှစ်ဖက်ကြား တိုက်ပွဲများစတင်လာပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တ၀န်း စစ်ပွဲများ ပျံ့နှံ့လာသည်။

ကချင်ပြည်နယ်အတွင်းတွင် စစ်ကိုရှောင်ရှားရန် နေရပ်စွန့်ခွာလာသည့် ပြည်သူများ ၂၀၀၀၀ ကျော်လာကာ ယခုချိန်ထိ အရေအတွက်တိုးလာနေဆဲဖြစ်သည်။

အာဆီယံပါလီမန်က ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်ဖွဲ့ (KIO/KIA)နှင့် (၁၇) ကြာပစ်ရပ်ဆိုင်းခဲ့ခြင်းကို အဆုံးသတ်ကာ ကချင်ပြည်နယ်သို့ လူလက်နက်အင်အား ကြီးမားစွာ ပို့လွှတ်သည့် မြန်မာအစိုးရ၏ အပြုအမူအား ပြင်းထန်စွာ ဝေဖန်လိုက်သည်။

ထို့အပြင် နိုင်ငံတကာရှိ ကချင်အမျိုးသားများနှင့်အတူ စစ်ပွဲကို မလိုလားသူများသည် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ကန့်ကွက်ဆန္ဒပြပွဲများကို ဇွန် ၂၄ ရက်တွင် တပြိုင်နက် ကျင်းပခဲ့သည်။

မြန်မာအစိုးရအာဘော်၏ ဖော်ပြချက်သည် ဗဟိုအစိုးရအဆင့်မဟုတ်ဘဲ ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် KIO တို့ အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမ အဆင့် ဆွေးနွေးနေချိန်တွင် ထွက်ပေါ်နေခြင်းဖြစ်သည်။
Source : KNG


၅၉။ မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ ကချင်ဒေသတွင် ပြည်သူများ ဒုက္ခရောက်နေ (ဇူလိုင်၊ ၁၊ ၂၀၁၁)

ကချင်ပြည်နယ်အတွင်းတွင် မြန်မာစစ်အစိုးရတပ်များက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များအပေါ် ထိုးစစ်ဆင်နေမှုများကြောင့် မြန်မာစစ်အစိုးရ ထိန်းချုပ်ရာဒေသတွင်းရှိ ကချင်ဒေသခံ တိုင်းရင်းသားများဟာ မိမိနေအိမ်များတွင် နေထိုင်နိုင်ခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရပါတယ်။ ထိုသို့ ထွက်ပြေး တိမ်းရှောင်နေသူများဟာ ခရစ်ယာန် ဘာသာရေး ကျောင်းများ၊ မိတ်ဆွေများနေအိမ်များတွင် ခိုလှုံ နေကြရကြောင်း၊ လယ်ယာလုပ်ငန်းများ လုပ်ကိုင်နေကြသူများ ဖြစ်သော်လည်း ဒီနှစ်အတွက် လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ မသေချာတော့ကြောင်း၊ ဗန်းမော် - မြစ်ကြီးနား ကားလမ်း ၀ဲယာရှိ ကျေးရွာအများစုရှိ ပြည်သူများအားလုံးလိုလို နေအိမ်များကို စွန့်ခွာကာ အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံတဦးက ယနေ့မြန်မာကို ပြောပြပါတယ်။

မြန်မာအစိုးရနဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့တို့ဟာ ၁၉၉၀ လွန်ကာလများက စတင်ပြီး အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ ထိုသို့ အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရယူပြီးနောက် ကချင်လွတ်မြောက်ရေး အဖွဲ့ တာဝန်ရှိသူများ အမျိုးသား ညီလာခံ တက်ရောက်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရာတွင် ပါဝင်ခြင်း စသည်ဖြင့် နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ရှိသလို ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရန် ပြင်ဆင်ခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များ ဖြစ်စေလိုတဲ့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းဖို့ကိုတော့ ကချင် လွတ်မြောက်ရေးတပ်မတော်က လက်မခံခဲ့ပါဘူး။ ဒ့ါကြောင့်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူများကို မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိအောင် ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဆယ်စုနှစ်တနှစ်ကျော် တည်ဆောက်လာခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အက်သံများ ထွက်ပေါ်လာပြီး ၂၀၁၁ ဇွန်လဆန်းပိုင်းက စတင်ကာ အခြေအနေများ မတည်မငြိမ် ဖြစ်လာပြီး နောက်ပိုင်းမှာ တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ အခုအချိန်မှာတော့ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအစိုးရတပ်တို့ နှစ်ဘက် ရင်ဆိုင် နေရာချထားလျက်ရှိပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးနေကြပါတယ်။

ရရှိတဲ့ သတင်းများအရ စစ်ဖြစ်ဒေသက ထွက်ပြေးလာသူများဟာ ကချင်ပြည်နယ် ၀ိုင်းမော်မြို့ နှစ်ခြင်း ခရစ်ယာန်ကျောင်းဝင်း အတွင်း၌ ပြည်သူ လေးရာကျော်၊ ကက်သလစ် ခရစ်ယာန် ကျောင်းဝင်းအတွင်း၌ ပြည်သူ နှစ်ရာကျော် ခိုလှုံနေ ကြရကြောင်း၊ ဒါ့အပြင် ၀ိုင်းမော်မြို့တွင်းရှိ ဆွေမျိုး မိတ်သင်္ဂဟများရဲ့ နေအိမ်များတွင် ခိုလှုံနေသူများလည်း ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနား မြို့မှာဆိုရင် လေကုန်းရပ်ကွက်၊ တပ်ကုန်း ရပ်ကွက်ရှိ နှစ်ခြင်း ခရစ်ယာန် ကျောင်းများနဲ့ မြို့တွင်းရှိ ဆွေမျိုး မိတ်သင်္ဂဟများရဲ့ နေအိမ်များတွင် ပြည်သူ တထောင်ခန့် ခိုလှုံနေကြကြောင်း၊ ငွေကြေး တတ်နိုင်သူများကတော့ နီးစပ်ရာ မြို့များတွင် နေအိမ်များ ငှားရမ်းနေထိုင် နေကြကြောင်း သတင်းရရှိပါတယ်။ ထို သတင်းများကို ပြောပြသူ ကိုယ်တိုင်ကလည်း မိမိနေအိမ်တွင် နေထိုင်နိုင်ခြင်း မရှိဘဲ မိတ်ဆွေများ နေအိမ်များတွင် လှည့်လည် နေထိုင် သွားလာနေရပါတယ်။ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာအတွင်းမှာကတော့ လူဦးရေ တသောင်းခန့် နေအိမ်များကို စွန့်ခွာ နေကြရပါတယ်။

ထိုသို့ သက်ဆိုင်ရာဒေသများကို စွန့်ခွာ ထွက်ပြေးနေကြရသူများအနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ ဒေသများတွင် ဒုက္ခသည်ဆိုင်ရာ အကူအညီများ ရရှိ နေသော်လည်း မြန်မာအစိုးရတပ်များ ထိန်းချုပ်ရာဒေသက အဝတ်တထည်၊ ကိုယ်တခုနဲ့ နေအိမ်စွန့်ခွာ ခဲ့ရသူများ အနေနဲ့ကတော့ အကူအညီများ မရရှိကြောင်း၊ ခရစ်ယာန် ဘုရားကျောင်းများ အနေနဲ့ ခေါင်းအုံး၊ စောင်၊ ခြင်ထောင် စသည်ဖြင့် အကူအညီ ပေးသော်လည်း စားသောက်ဖွယ်ရာ အကူအညီ ပေးဖို့ကတော့ ခက်ခဲနေကြောင်း၊ အခက်အခဲ ဖြစ်နေခြင်းကို မြန်မာအာဏာပိုင်များ သိရှိသော်လည်း အကူအညီ ပြည့်ပြည့်ဝဝ မပေးနိုင်အောင် ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများကို အကူအညီပေးခွင့် မပေးကြောင်း၊ စစ်ဘေးဒုက္ခသည် ဆိုတဲ့ စကားလုံးကိုလည်း သုံးနှုန်းခွင့် မပေးကြောင်း၊ ခရစ်ယာန် ဘုရားကျောင်းများက ရပ်ကွက်နေ ပြည်သူများထံ အကူအညီတောင်းခံကာ ဒုက္ခသည်များ ကိစ္စကို ဖြေရှင်းနေကြရကြောင်း ဒေသခံတဦးက ပြောပြပါတယ်။
Source : Burma Today


၅၈။ ကချင်စစ်ပြေးဒုက္ခသည်တွေ မြစ်ကြီးနားမြို့ပေါ် ခိုလှုံ (ဇူလိုင်၊ ၁၊ ၂၀၁၁)

VOA မြန်မာနားဆင်ရန်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ပွဲဖြစ်ပွားရာ ဒေသက ကချင်ပြည်သူတွေဟာ KIA အခြေစိုက်ရာ လိုင်ဇာမြို့နဲ့ တရုတ်နယ်စပ်ဘက်ကို သာမက မြစ်ကြီးနားမြို့ပေါ်ကိုလည်း ထွက်ပြေး ခိုလှုံနေကြရပါတယ်။ အခုအခါ မြစ်ကြီးနားမြို့ပေါ်က ခရစ်ယာန် ဘုရားကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေ နေအိမ်မှာ လူ ၂,၀၀၀ ကျော်လောက် ရောက်ရှိ ခိုလှုံနေပြီး အများစုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိ ခိုလှုံနေတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို တင်ပြပေးထားပါတယ်။

မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိ ခိုလှုံနေကြတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေဟာ လိုင်ဇာနဲ့ ၀ိုင်းမော်အကြား လမ်းတလျှောက်က ဒေသခံ ပြည်သူတွေဖြစ်ပြီး မြစ်ကြီးနားမြို့မှာ ခိုလှုံနေတာ တပတ်ကျော်နေပြီ ဖြစ်ပါတယ်။ မြစ်ကြီးနားကို ရောက်ရှိလာသူဟာ အခုဆို ၂,၀၀၀ ကျော်လောက် ရှိနေပြီး ဘာကြောင့် မြစ်ကြီးနားကို လာရသလဲ ဆိုတာကို ဒုက္ခသည်တဦးက အခုလို ပြောပါတယ်။

“အခု မြစ်ကြီးနားကို ရောက်နေတာက ၂,၀၀၀-၃,၀၀၀ လောက်တော့ ရှိပြီထင်တယ်။ ကလေးတွေက တ၀က်လောက်ရှိတယ်။ အမျိုးသမီးနဲ့ ကလေးတွေက ပိုများတယ်။ ကျမတို့က လိုင်ဇာဘက် ဆိုရင်လည်း ခရီးက အရမ်းဝေးတယ်။ ဆွေမျိုးဆိုလည်း အဲဒီဘက်က သိပ်မရှိဘူး။ ဒီ မြစ်ကြီးနားမှာဆိုတော့ ဆွေမျိုးတွေ တယောက် နှစ်ယောက် ရှိတဲ့အတွက် သူတို့ဆီမှာ မှီခိုဖို့ ဒီဘက်ကို လာရခြင်း ဖြစ်ပါတယ်။"

“အခုလောလောဆယ်တော့ ကိုယ့်ဆီမှာပါတဲ့ ငွေတွေ၊ တချို့ကျတော့ ဆန်တွေ နည်းနည်းပါတယ်၊ အဲဒါနဲ့ ကိုယ့်ဆွေမျိုးအိမ်တွေကလည်း ကူညီပေးတယ်ပေါ့။ နောက်ပြီးတော့မှ အသင်းတော်တွေဆီမှာရော သူတို့ဆီမှာ အကူအညီတောင်းပြီး မှီခိုနေရတာ ဖြစ်တယ်။”

အမျိုးသား အများစုကတော့ သူတို့နေအိမ်နဲ့ တောင်ယာတွေကို ကြည့်ရှုလုပ်ကိုင်ဖို့ ကျန်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ လောလောဆယ် မြစ်ကြီးနားကို ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ နေရာတွေဆို ဘာမှ ယူလို့ မရတော့ဘူး။ ကိုယ့်မှာပါတဲ့ အ၀တ်တန်ဆာနဲ့ပဲ ထွက်ပြေးလာရတယ်။ အခုလောလောဆယ်ကတော့ ကျမတို့ဆီမှာ စားဝတ်နေရေးပေါ့၊ ပြီးတော့ စောင်မပါတာတို့၊ အ၀တ်အထည် အလဲအထည် မပါတာတို့၊ တချို့ကျတော့ မွေးဖွားမယ့် မိခင်တွေ ပါတယ်။ သူတို့ဆီမှာလည်း အားတွေနည်းတယ်။ နောက် တချို့ကျတော့လည်း ကျန်းမာရေးမရှိ ဖြစ်နေတာပေါ့။”

မြစ်ကြီးနားမြို့က ခရစ်ယာန် ဘာသာရေး အသင်းတွေနဲ့ နီးစပ်သူ တယောက်ကတော့ တပ်ကုန်း နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှာ လူ ၁၀၀ ကျော်၊ ဇီးလွန်ဘုရားကျောင်းမှာ ၁၆၀ ကျော်လောက် ရောက်ရှိနေတယ်ဆိုတာ သိရကြောင်း ပြောပါတယ်။

ဘုရားကျောင်းတွေက လက်ခံ ကျွေးမွေးထားရတဲ့ အခြေအနေနဲ့ ရေရှည် အခက်အခဲကိုလည်း သူက အခုလို ပြောပါတယ်။

“တပ်ကုန်းဘုရားကျောင်း နှစ်ခြင်းဘုရားကျောင်းပေါ့၊ အဲဒီမှာ ၁၀၅ ယောက် အတိအကျကိုရှိတာ။ ဒီဘုရားကျောင်းအတွက် သူတို့ ထပ်လည်း လက်မခံနိုင်သေးဘူးပေါ့။ ဒီအတိုင်းအတာနဲ့ပဲ သူတို့ နိုင်တယ်ပေါ့။ မနေ့ကတော့ အင်ဂျန်ဒုံ တပ်ကုန်းရဲ့ အပေါ်ဘက်ပေါ့၊ ၇ ယောက်က အဲဒီဘက်ကို လွှဲလိုက်ပြီ။ မနေ့ညက အင်ဂျန်ဒုံ ဘုရားကျောင်းမှာ အယောက် ၇၀ ရောက်ဖို့ ရှိတယ်။ လမ်းမှာ နည်းနည်း အခက်အခဲရှိတော့ ညမိုးချုပ် နောက်ကျနေတယ်။

“ဒီ Church တွေကလည်း တအား စီးပွားရေးဖြစ်တဲ့ နေရာလည်း မဟုတ်ဘူးလေ။ အဲဒီကျတော့ တရက်ကို ၇၀,၀၀၀ နဲ့ ကျွေးမယ်ဆိုရင်တောင် တလဆို ၂၁ သိန်းလောက် ရှိသွားပြီ။ ရေရှည်ဆို ဘယ်လို ခံနိုင်မလဲပေါ့။”

ဒီလို ဘုရားကျောင်းတွေမှာ လာရောက် ခိုလှုံကြသူတွေဟာ မြစ်ကြီးနားမြို့ပေါ်မှာ အသိမိတ်ဆွေ မရှိသူတွေ ဖြစ်ပါတယ်။ သူတို့ကို ဘုရားကျောင်းက အသင်းသူ အသင်းသားတွေက စုပေါင်း ထောက်ပံ့ထားရတယ်လို့ ပြောပါတယ်။

ဒီဒုက္ခသည်တွေကိုတော့ ကချင်ပြည်နယ် အစိုးရ ၀န်ကြီးတွေက လာရောက်ကြည့်ရှုတာရှိပြီး ဆန်၊ ဆီ စတာတွေနဲ့ အခြား လိုအပ်တာတချို့ ထောက်ပံ့တာတွေ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဝိုင်းမော်မြို့က ရိုမန်ကက်သလစ်နဲ့ နှစ်ခြင်း ဘုရားကျောင်းတွေမှာလည်း အနည်းဆုံး ဒုက္ခသည် ၅၀၀ ကျော် ၆၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလို မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့တွေကို တိမ်းရှောင်လာသူ တချို့ဟာ သူတို့ ဆွေမျိုးတွေနဲ့ နီးစပ်ရာ မိတ်ဆွေတွေဆီမှာ ခိုလှုံ နေထိုင်နေတာကြောင့် စာရင်းအတိအကျတော့ ကောက်ယူနိုင်တာ မဟုတ်ပါဘူး။ ဒီလို ထွက်ပြေးလာသူ တချို့ဟာ သူတို့ပိုင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ ၀က်နဲ့ ကျွဲ၊ နွားတွေကို ခြံကလွှတ်ပြီး ထားခဲ့ရတာတွေ ရှိသလို စပါးကျီတွေကိုလည်း ဒီအတိုင်း ထားခဲ့ရတာတွေ ရှိပါတယ်။

အခုအခါမှာ KIO ဌာနချုပ် လိုင်ဇာ၊ တိုက်ပွဲ စတင်ဖြစ်ပွားရာ မိုးမောက်မြို့နယ်ဘက်က မိုင်ဂျာယန်နဲ့ တရုတ်နယ်စပ် ဒေသမှာ ခိုလှုံနေသူ ကချင်ဒုက္ခသည် စုစုပေါင်း ၁၀,၀၀၀ ကျော်လောက် ရှိမယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ KIA ခေါင်းဆောင်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးတာတွေ စတင်နေပေမဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် နှစ်ဘက်စလုံးက အာမခံနိုင်တဲ့ အနေအထားတွေ မရှိသေးတာကြောင့် ဒုက္ခသည်တွေ အိမ်ပြန်ရမယ့် အခြေအနေဟာ မရေမရာ ရှိနေဆဲ ဖြစ်ပါတယ်။
Source : VOA


၅၇။ ကြံ့ကြံ့ခံရင်ဆိုင်နေသည့် ကေအိုင်အေ (ဓါတ်ပုံသတင်း) (ဇူလိုင်၊ ၁၊ ၂၀၁၁)


Source : Moemaka


၅၆။ နယ်ခြားစောင့် အဟောင်း-အသစ် တိုက်ပွဲဖြစ် (ဇူလိုင်၊ ၁၊ ၂၀၁၁)

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ပြန်လည် ဖြစ်သွားသော နယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟောင်းများနှင့် အစိုးရတပ်များ ပါဝင် ပူးပေါင်းထားသည့် လက်ကျန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြား ကရင်ပြည်နယ် လှိုင်းဘွဲနှင့် ဖိပွန်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်နေကြောင်း DKBA ဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူးစိုးနိုင် ဦးစီးသော နယ်ခြားစောင့်တပ် အမှတ် ၁ဝ၁၁ နှင့် အစိုးရတပ်မှ တပ်မ ၄၄၊ ၆၆ ၊ ၂၂ တို့ ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်ရင်းမှူး စောဘိဦးစီးသော DKBA များ ကြာသပတေးနေ့ညနေက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ တခေါ့ဖိုးရွာအနီး၌ တနာရီကျော် တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဘက်မှ ဗိုလ်မှူးစိုးနိုင် ကျဆုံးသည်ဟု သတင်း ထွက်ပေါ်နေသော်လည်း DKBA နှင့် KNU က အတည်မပြုနိုင်သေးဟု ဆိုသည်။

ဇွန်လ ၂၉ ရက် ညကလည်း သံလွင်မြစ်အနောက်ဘက် ဖာပွန်မြို့နယ် ကမမောင်းရွာအနီး၌ အစိုးရတပ်များနှင့် ဖြစ်ပွားရာ အရပ်သားတဦး သေဆုံးသည်ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။

“ သူပစ်ကိုယ်ပစ်လေ ဘယ်သူ့လက်နက်ထိတယ်ဆိုတာ ပြောလို့မရသေးဘူး” ဟု သူက ပြောသည်။

သောကြာနေ့တွင် တိုက်ပွဲများဆက်ဖြစ်သည်ဟု မကြားရသေးသော်လည်း နှစ်ဖက်တပ်စွဲထားပြီး တဖက်နှင့်တဖက် ခြေလျင်တနာရီအကွာ၌ ရင်ဆိုင်အနေအထားဖြင့် အသင့်ရှိနေကြသည်ဟု ဆိုသည်။

တိုက်ပွဲနေရာသည် သံလွင်အနောက်ခြမ်း သထုံ-ကမမောင်း-ဖာပွန် ကားလမ်း၊ အရှေ့ခြမ်း ဘားအံ-သခေါ့ဖိုး ကားလမ်းတို့နှင့် နီးပြီး KNLA ၏ ဘားအံခရိုင် တပ်မဟာ ၇၊ ဖာပွန်ခရိုင် တပ်မဟာ ၅၊ သထုံခရိုင် တပ်မဟာ ၁ စသည့် တပ်မဟာ ၃ ခု ဆက်စပ်နယ်မြေ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU အတွင်းရေးမှူး ၁ ဗိုလ်မှူးလှငွေက
ပြောပြသည်။

KNLA တပ်မဟာ ၅ နယ်မြေအတွင်း၌ အစိုးရနယ်မြေခံတပ်မ ၁ဝ၁ နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းပေါင်း ၁၁ ရင်း၊ တပ်မဟာ ၇ နယ်မြေအတွင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စကခ ၁၂ လက်အောက်ခံ တပ်ရင်း ပေါင်း ၁၂ ရင်းခန့် လှုပ်ရှားနေကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။
Source : Mizzima


၅၅။ တိုက်ပွဲများ​ ကျယ်ပြန့်​လာသည့်​အ​ပေါ် အထူး​စိုး​ရိမ်​ကြောင်း​ စီအာပီပီ​ပြော (ဇူလိုင်၊ ၁၊ ၂၀၁၁)

      တိုင်း​ရင်း​ သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ကျယ်ပြန့်​လာ​နေတာကို အထူး​စိုး​ရိမ်ပူပန်တယ်လို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီ (စီအာပီပီ) ​ပြောခွင့်​ရ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။
      ကချင်ပြည်နယ်မှာ အစိုး​ရနဲ့​ ​ကေအိုင်အကြား​ တဖက်နဲ့​တဖက် ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​အ​ပေါ် ဝမ်း​မြောက်​ပေမယ့်​ ကျန်တိုက်ပွဲဖြစ်တဲ့​အဖွဲ့​တွေကိုလည်း​ ဒီလိုပဲ​ဆွေး​နွေး​ပြီး​ တတိုင်း​ပြည်လုံး​သ​ဘော​ဆောင်တဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ရ​အောင် ​ဆောင်ရွက်ဖို့​ သူက တိုက်တွန်း​ပါတယ်။

“အခုလို လက်နက်ကိုင်တိုက်ပွဲ​တွေ ကျယ်ပြန့်​လာတဲ့​အခါမှာ ကျ​နော်တို့​ အ​နေနဲ့​ အထူး​စိုး​ရိမ်တယ်။ အခု လက်တ​လောအ​နေနဲ့​ ကချင်ပြည်နယ်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ တာ​တွေ ကြား​ရ​တော့​လည်း​ ဒါကို ကျ​နော်တို့​က ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ ဒီ ​ဆွေး​နွေး​ရုံနဲ့​ မပြီး​သေး​ဘူး​။ ကချင်ပြည်နယ်တခုတည်း​မှာ ​ဆွေး​နွေး​တာထက်စာရင် တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲပြီး​တော့​ ​ဆွေး​နွေး​ဖို့​ လိုမယ်။ ပြီး​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အား​လုံး​နဲ့​ အပြန်အလှန် ယုံကြည်မှုကို တည်​ဆောက်ပြီး​တော့​ တကယ့်​ စစ်မှန်တဲ့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်ဖို့​ လိုမယ်။ ပြည်တွင်း​စစ်ကို ရပ်စဲပြီး​တော့​ တတိုင်း​ပြည်လုံး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​က​နေ စစ်မှန်တဲ့​ပြည်​ထောင်စုကို တည်​ဆောက်နိုင်မှသာ တကယ့်​ဖွံ့ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံကို တည်​ဆောက်နိုင်မယ်လို့​ ကျ​နော်တို့​က ယုံလည်း​ ယုံကြည်တယ် ဒီအတိုင်း​ပဲ၊​ အား​လုံး​ကို ကျ​နော်တို့​က တိုက်တွန်း​လိုပါတယ်။”

      ဒီက​နေ့​ကျင်း ​ပတဲ့​ စီအာပီပီအစည်း​အ​ဝေး​မှာ လက်ရှိနိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ၊​ ပင်လုံနဲ့​ပြည်​ထောင်စုစိတ်ဓာတ်ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ စာတမ်း​ဖိတ်​ခေါ်မှု​တွေကို ​ဆွေး​နွေး​ပါတယ်။ စီအာပီပီလုပ်ငန်း​တွေမှာ လူငယ်​တွေကို တွဲ​ခေါ်ဖို့​ ကိစ္စကိုလည်း​ ​ဆွေး​နွေး​ကြတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

      ဒီလုပ်​ ဆောင်ချက်ဟာ အဖွဲ့​ဝင်အတိုး​အ​လျော့​ကိစ္စ မဟုတ်သလို စီအာပီပီကို ချဲ့​ထွင်တာလည်း​ မဟုတ်ဘဲ စီအာပီပီရဲ့​ လက်​တွေ့​လုပ်ငန်း​နယ်ပယ်​တွေမှာ လူငယ်​တွေကို လုပ်​ဆောင်​စေဖို့​ ဖြစ်တယ်လို့​ ရှင်း​ပြပါတယ်။

      ဒေါ်​အောင်ဆန်း ​စုကြည်ရဲ့​ မြို့​ပြင်ထွက်မယ့်​ကိစ္စနဲ့​ ပတ်သက်လို့​ စိုး​ရိမ်ပူပန်မှု​တွေ ထွက်​ပေါ်​နေတဲ့​အ​ပေါ် ​မေး​မြန်း​ချက်ကို ဦး​အေး​သာ​အောင်က မကြာခင်သွား​မယ့်​ ခရီး​စဉ်ဟာ မိသား​စုခရီး​စဉ် ဖြစ်တာ​ကြောင့်​ အ​ထွေအထူး​ပြောစရာမရှိပါဘူး​လို့​ ​ပြောပါတယ်။

      ကနဦး​ပိုင်း​ တုန်း​က နယ်မြို့​တွေကိုသွား​မယ့်​ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် စိုး​ရိမ်ပူပန်တာ မှန်​ပေမယ့်​ နိုင်ငံ​ရေး​ခေါင်း​ဆောင်တဦး​အ​နေနဲ့​ လုပ်သင့်​လုပ်ထိုက်တာကို လုပ်တယ်လို့​ မြင်ပါတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

“အခု သွား​မယ့်​ ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သူ့​ရဲ့​သား​က ဘုရား​ဖူး​ သက်သက်သွား​မှာပါ။ ဒီခရီး​စဉ်နဲ့​ ပတ်သက်လို့​တော့​ ကျ​နော်တို့​ ဘာမှ အ​ထွေအထူး​ ​ပြောစရာ မရှိပါဘူး​။ ဒါ​ပေမယ့်​ အရင်က ကျ​နော်တို့​ ​ပြောခဲ့​သလို​ပေါ့​။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ပါတီ ​ခေါင်း​ဆောင် တ​ယောက်လည်း​ ဖြစ်တဲ့​အတွက်​ကြောင့်​ နိုင်ငံ​ရေး​အရ ​ဆောင်ရွက်တဲ့​ ​နေရာမှာ လိုအပ်တဲ့​ ​နေရာ​တွေကို ခရီး​ထွက်ခဲ့​တာ​တွေက ယခင့်​ ယခင်ကလည်း​ ရှိတယ်။ အခု ထွက်ဖို့​အတွက် စီစဉ်တာနဲ့​ ပတ်သက်လို့​လည်း​ ကျ​နော်တို့​ အ​နေနဲ့​က​တော့​ စိုး​ရိမ်ရတာ တပိုင်း​ပေါ့​လေ။ ဒါ​ပေမယ့်​ ဒါ လုပ်သင့်​လုပ်ထိုက်တဲ့​ အလုပ်ကို လုပ်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ မြင်ပါတယ်။”
Source : DVB


၅၄။ မြန်မာနယ်စပ် လုံခြုံရေး အခြေအနေ ထိုင်းနိုင်ငံ စောင့်ကြည့် (ဇူလိုင်၊ ၁၊ ၂၀၁၁)

VOA မြန်မာနားဆင်ရန်

      အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံထဲက လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အနီးကပ် လေ့လာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရ အနေနဲ့ သတိနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မယ်၊ ပြေပြေလည်လည် ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်တယ် ဆိုပြီးတော့လည်း ဗွီအိုအေကို ပြောပါတယ်။ ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ပန်နိတန် ၀ါထနာယာဂွန် (Panitan Wattanayagorn) ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

      ထိုင်းအစိုးရ အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းက အခြေအနေတွေ၊ ၂ နိုင်ငံ နယ်စပ်တလျှောက်က လုံခြုံရေး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တင်းမာမှုတွေ ရှိနေချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

      မြန်မာအစိုးရနဲ့ တခြားတခြားသော ခေါင်းဆောင်တွေအကြား မတူညီမှုတွေကို ပြေပြေလည်လည် ညှိနှိုင်း ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ထိုင်းအစိုးရရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာ ပန်နိတန် ၀ါထနာယာဂွန်က အခုလို ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တခြား ခေါင်းဆောင်တွေကြားမှာ ပြေပြေလည်လည် ဆွေးနွေးကြပြီးတော့ တိုင်းပြည် ရှေ့ဆက် လျှောက်လှမ်းဖို့အတွက် ညှိနှိုင်း အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

      အခုဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်၊ မြန်မာ နယ်စပ်မှာ KIA ကချင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ထိုင်း၊ မြန်မာနယ်စပ် ရှမ်းပြည်နယ် အတွင်းမှာလည်း ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းက တပ်ဖွဲ့တွေဟာ SSA တောင်ပိုင်းအဖွဲ့နဲ့ ပူးပေါင်းလိုက်ပြီး ဒေသတွင်းမှာ တင်းမာမှုတွေ ရှိနေတာပါ။

      ကရင်ပြည်နယ်အတွင်းမှာ ဆိုရင်လည်း DKBA ခွဲထွက် အဖွဲ့ဝင်တွေဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ KNLA တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

      နောက်ထပ် ထိုင်း၊ မြန်မာနယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ် အတွင်းမှာတော့ ဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်နက်တွေကို ပြန်အပ်ဖို့ အစိုးရက ဖိအားပေးတာတွေ ရှိနေတဲ့အတွက် မကျေနပ်မှုတွေ ဖြစ်နေပါတယ်။

      ထိုင်းအစိုးရ အနေနဲ့ နယ်စပ်ဒေသ တလျှောက်က အေးချမ်းတည်ငြိမ်မှုကို မြန်မာအစိုးရ အနေနဲ့ ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းကိုလည်း ဒေါက်တာ ပန်နိတန်က အခုလို ဆက်ပြောပါတယ်။

“ထိုင်း၊ မြန်မာ နှစ်နိုင်ငံ နယ်စပ်က အခြေအနေ ဆက်လက် တည်ငြိမ်နေအောင် ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နယ်စပ်ဒေသက အခြေအနေတွေကို အမြဲတမ်း အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံအတွင်းက လုံခြုံရေး အခြေအနေတွေကို သတိနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီဒေသတလျှောက်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မပျက်ပြားအောင် ထိန်းထားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

      မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းတွေကို မလုပ်ဖို့ မကြာခင်က ပြည်ထဲရေး ၀န်ကြီးဌာနက နှိုးဆော် သတိပေးထားခဲ့တဲ့အပေါ် ထိုင်းနိုင်ငံရဲ့ သဘောထားကို မေးမြန်းကြည့်ရာမှာတော့ ...

“မြန်မာအစိုးရရဲ့ ဆုံးဖြတ်မှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေရေးရာကိစ္စ ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ မှတ်ချက်ပေးဖို့ရာ မရှိပါဘူး။ တခုပဲရှိတာက မြန်မာအစိုးရ အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိစ္စကို အရှိန်အဟုန်မပျက် ဆက်ပြီးတော့ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

      ထိုင်းအစိုးရရဲ့ ပြောခွင့်ရသူ ဒေါက်တာ ပန်နိတန် ပြောဆိုသွားတာ ဖြစ်ပါတယ်။

      ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ငန်း ဟန့်တားမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက စိုးရိမ်မှု ရှိတဲ့အကြောင်း ထုတ်ဖော် ပြောဆိုကြသလို မြန်မာနိုင်ငံဘက်က လိုလားနေတဲ့ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးနဲ့ သင့်လျော်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေကလည်း ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဒေါက်တာ ပန်နိတန်က...

“ဒါကတော့ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆိုင်ပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးတော့ နိုင်ငံ့ခေါင်းဆောင်တွေကို အစီရင်ခံရပါတယ်။ အာဆီယံက ချမှတ်လိုက်တဲ့အတိုင်း ကျနော်တို့က လုပ်ဆောင်မှာပါ။ အခုချိန်မှာတော့ ဘာမှ အထူးအထွေ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ထင်ပါတယ်။”

      မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေအပေါ် ထိုင်းအစိုးရဘက်က အမြင်သဘောထားတွေကို ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ပန်နိတန် ၀ါထနာယာဂွန်က ပြောပြသွားတာ ဖြစ်ပါတယ်။
Source : VOA

Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။