« »

Arsenal 0 - 2 Liverpool (Highlight)




ကြိုးကြာတောင်ပံခတ်သံအောက်မှာ ကျဆုံးခဲ့ရတဲ့ ဂန်းနားများ

ဘာကလေပရီးမီးယားလိဂ်ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာလ်ပူးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းကို အာရွန်ရမ်ဆေးရဲ့ own goal နဲ့အတူ မီယာလက် ရဲ့ သွင်းဂိုးကြောင့် နှစ်ဂိုး မရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေနေရာမှာ လူသစ်တွေကို အသုံးပြုပြီးတော့ ကစားသွားတာကို တွေ့မြင်ရပါတယ်....

အာဆင်နယ်အသင်းဟာ လီဗားပူလ်ကွင်းလယ်ကို ယှဉ်မကစားနိုင်ဘဲ အသင်းရဲ့ တိုက်စစ်အသားပေး ကစားဟန်ကလည်း ပျောက်ဆုံးနေပြီး လီဗာပူးလ်အသင်းရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။ ဒီနေ့မှာလည်း အာဆင်နယ်နောက်တန်းတစ်ဦးဖြစ်တဲ့ ကိုစီနီဟာ ဒဏ်ရာကြောင့် (၁၄)မိနစ်မှာ မီကွယ်လ်နဲ့ လူစားလဲခဲ့ရပါ တယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ နာစရီ၊ ရမ်ဆေး၊ ဖရင်ပေါင်တို့ရဲ့ ကွင်းလယ်ဟာ လီဗာပူးလ် ကွင်းလယ်ဖြစ်တဲ့ အဒမ်၊ ဒေါင်းနင်းနဲ့ ဟန်ဒါဆန်တို့ကို ယှဉ်မကစားနိုင်ဘဲ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အာဆင်နယ်အသင်းဖက်ကို ဂိုးသွင်းခွင့်အကြိမ်ကြိမ်ရရှိခဲ့ပေမယ် အာဆင်နယ် ဂိုးသမား ဆက်ဇီနီရဲ့ ကာကွယ်မှုကြောင့် အာဆင်နယ်အသင်းတို့ လီဗာပူးလ်အသင်းကို ဦးဆောင် ဂိုးမပေးရတာပဲ ဖြစ်ပါတယ်။ ဒါအပြင် နောက်တန်းမှာ သောမတ်ဗာမေလန်ကြောင့် အာဆင်နယ်တို့ သက်သာ နေတယ်ဆိုတာလည်း မမှားပါဘူး။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးလ်အသင်းကို ပထမပိုင်းမှာ ယှဉ်မကစားနိုင်ပဲ နောက်တန်းနဲ့ ဂိုးသမားတွေ ကောင်းမှုကြောင့်သာ ပထမပိုင်းမှာ ဂိုးမရှိ သရေနဲ့ ပြီးဆုံးသွားခဲ့ ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အာဆင်နယ်အသင်းဟာ လီဗာပူးလ်ကွင်းလယ်ကို ယှဉ်ကစားလာနိုင်ပြီးတော့ ဂိုးသွင်းခွင့်တစ်ကြိမ်တစ်လေ ရရှိခဲ့ပေမယ့် တိုက်စစ်မှူးတွေက ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ လီဗာပူးလ် အသင်းကလည်း အာဆင်နယ်အသင်းဖက် တောင်ပံနဲ့ အမြင့်ဘောတွေကို အကြိမ်ကြိမ်အသုံးပြုပြီးတော့ ဂိုးရရှိ ဖို့ ကြိုးစားနေတာကိုလည်း တွေ့မြင်နေရပါတယ်။ အဲဒီနောက် မိနစ်( ၇၀)မှာပဲ ဖရင်ပေါင်ဟာ အဒမ်ကို အဖျက်ကြမ်းခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ တစ်ယောက်ထုတ်ခံရတဲ့နောက်ပိုင်းမှာ လီဗာပူး လ်အသင်းဟာ အာဆင်နယ်အသင်းဖက်ကို တစ်ဖက်သတ်ဖိအားပေးကစားခဲ့ပြီးတော့ ဂိုးရရှိဖို့ ကြိုးစားခဲ့ပါတယ် မိနစ်( ၇၅)မိနစ်မှာ လီဗာပူးလ်အသင်းဟာ အာရွန်ရမ်ဆေးရဲ့ own goal နဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း ဦးဆောင်ဂိုးပေးလိုက်ရတဲ့ နောက်ပိုင်းမှာ လီဗာပူးလ်ဖက်ကို ဖိအားကစားခဲ့ ပေမယ့် နောက်ထပ်ဂိုးရသွားတာကတော့ လီဗာပူးလ်အသင်းပဲ ဖြစ်ပါတယ်။ ဒီဂိုးကို လီဗားပူးလ်ကွင်းလယ် ကစားသမား ဆွာရက်က သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဂိုးတွေ ဆက်မသွင်းနိုင်တော့ဘဲ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ကျွန်တော်အားပေးနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ နောက်တန်းမှာ လူတွေ ထပ်မဝယ်တာကြောင့် တကယ်လူတွေဒဏ်ရာရသွားတဲ့အခါ အခက်အခဲတွေဖြစ်ခဲ့ရတယ်ဆိုတာ သိမြင်နေရပါတယ်။ နည်းပြကြီး အာစင်ဝင်းဂါးကလည်း တကယ်လိုအပ်နေတဲ့ ကွင်းလယ်ကစားသမားနဲ့ ခံစစ်သမားတွေကိုသာ မဝယ်ဘဲနဲ့ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ အာဆင်နယ်အသင်းကတော့ ဖလားရဖို့ နေနေသာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် နည်းရုန်းကန်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒါအပြင် ရှေ့အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် play off ပွဲစဉ်မှာလည်း ဝင်ခွင့်ရဖို့အတွက် ရုန်းကန်ရဦးမှာပဲဖြစ်ပါတယ်။ ဒါအပြင်ဒဏ်ရာရကစားသမားတွေ များပြားလာမှုကလည်း အသင်းအတွက် အခက်အခဲတွေ ကြုံတွေ့လာနေရပါတယ်။ ဒါကြောင့်မို့လို့ နည်းပြကြီး အာစင်ဝင်းဂါးအနေနဲ့ လူသစ်တွေဝယ်ဖို့သာ ခေါင်းမာနေဦးမယ်ဆိုရင်တော့ အာဆင်နယ်အသင်းအနေနဲ့ အနည်းဆုံးယူရိုပါလိဂ်သာ ဝင်ခွင့်ရရှိ သွားလိမ့်မည်ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ...။

Source : arsenalmyanmar, videa
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။