« »

၉ နှစ် အရွယ် ကောင်မလေး မီးလောင် သေဆုံး

ဂျော့ရှ်တောင်း ။ ။ ဓါတ်ပုံတွင်ပါရှိသော ဇူလိုင်ခ ဘာတြီးရှား မိုဟာမက် ဇာဖီယန် ဟာ ဒီနေ့ ဟာရီရားယား ပွဲတော်အတွက် မိသားစုနှင့် အတူတူ ပျော်ပျော်ရွှင်ရွှင် အဝတ်အစား အသစ်တွေ သွားဝယ်ဖို့ သူမ မျှော်လင့်ထား ခဲ့သည်။

ကမ်ပွန်း ဆွန်ဂိုင်း နီဘွန်းကီချီးတွင် ရှိသော အခြား အိမ်ခြောက်လုံး အပါအဝင် သူမ၏ နေအိမ်ပါ မီးလောင် ပျက်ဆီး သွားခဲ့ရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲတွင် မီးအားလုံးငြိမ်းသွားခဲ့ပြီးနောက် တစ်နာရီအကြာမှ ဆိုးရွာစွာ မီးကျွမ်းထားသော သူမ၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

သူမ၏ အသက် ၃၆နှစ်အရွယ်ရှိသော မိခင် မူနီရာ၏ပြောပြချက်အရ SK ဘာရန်ဘာရူးကျောင်းတွင် သုံးတန်း တက်ရောက် နေပြီဖြစ်ပြီး လွန်ခဲ့သော နှစ်ပတ်ကတည်းက ဖျားနေသဖြင့် ကျောင်းမှ ခွင့်ယူထားခဲ့ရကြောင်း သိရှိရသည်။

သူမ၏ မွေးချင်း မောင်နှမများနှင့် အတူ ရာယာပွဲတော် ဝတ်စုံအသစ်များ ဝယ်ယူရန် စီစဉ်ထားခဲ့ကြပြီး
"ဇူလိုင်ခဟာ မီးရှူးမီးပန်း ဖောက်သံတွေ ကြားကတည်းက ရာယာပွဲတော်ရောက်ရင် အရမ်းပျော်ရတော့မယ်လို့ ခဏခဏ စိတ်စောနေတတ်တယ်"
ဟု သူမ၏ မိခင်မှ ပြောကြားခဲ့သည်။

အသက် ၁၅ နှစ်အရွယ်ရှိ သူမ၏ အကိုဖြစ်သူ မိုဇူလ်ဖီကာမှ အိမ်အပေါ်ထပ်မီးလောင်သွားခဲ့ချိန်တွင် အိမ်အတွင်းရှိသူအားလုံး အပြင်သို့ထွက်ကြရန် အော်ဟစ်သတိပေးခဲ့သည်။

ထိုအချိန်မှာ ဇူလိုင်ခဟာ မနက်စာစားအပြီး ဧည့်ခန်းတွင် အခြား မိသားစုဝင်များ နှင့်အတူ ခဏမှေးနေချိန် ဖြစ်သည်။

"ကျွန်တော့် ညီမလေး ဇူလိုင်ခ အပါအဝင် အကုန်လုံး အိမ်အပြင်ကိုရောက်သွားခဲ့ပြီ၊ ကျွန်တော့် ညီမလေးကို ပွေ့ချီယူလာခဲ့တယ်"
"ကျွန်တော်တို့ မှတ်မိတာကတော့ သူမဟာ နောက်ပိုင်း လူစုကွဲပြီး ပျောက်နေတယ်"
"မီးလောင်နေတဲ့ အိမ်ထဲကို သူ ဘယ်အချိန်တုန်းက ဘယ်လိုကြောင့် ပြန်ရောက်သွား ခဲ့သလဲဆိုတာ ကျွန်တော် စဉ်းစားလို့ မရဘူးဗျာ"
ဟု ဘာလစ်ပူလော ဆေးရုံးအတွင်းကုသမှုခံယူနေသော အကိုဖြစ်သူမှ ပြောသွားခဲ့သည်။

၎င်းနေ့တွင် လောင်သွားသော မီးသည် အိမ် ၇ လုံးကို မီးလောင်ဖျက်ဆီးသွားခဲ့ပြီး အနည်းဆုံး လူ ၃၀ အိမ်ခြေယာမဲ့ဖြစ်စေခဲ့သည်။

မီးဘေးသင့်ခဲ့သူ မိသာစု ၁၄ စု တို့အား ရင်ဂစ်ငွေ ၂ သောင်း၊ စောင်များနှင့် အိပ်ယာများ ကူညီ ထောက်ပံမည်ဟု ပန်တိုင်းဂျီရီဂျက် လွှတ်တော်အရာရှိ ဆင်မ်ဇီဇင်းမှ ပြောကြားသွားခဲ့သည်။

Source: TheStar
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။