« »

ပီနန်မြို့က နာရီ ငတက်ပြား

ဂျော့ရှ်တောင်း ။ ။ ကမ်းဘဲလ်လမ်းရှိ ဆိုင်ခန်းအတွင်းမှ ခိုးယူထားခဲ့သည့် စုစုပေါင်း ရင်းဂစ် ၅၀,၀၀၀ ကျော်ခန့် တန်ဖိုး ရှိသော နာရီပေါင်း ၁၁၇ လုံး နှင့်အတူ ခိုးယူသူ တရားခံအား သြဂုတ်လ ၂၀ ရက်နေ့တွင် ရဲသား ၄ ဦးမှ ဖမ်းဆီးနိုင်ခဲ့သည်။

ဆိုင်းငံ့ထားခဲ့သည့် လိုရန်ကူလစ်ရှိ ယာယီဆိုင်ခန်းငယ်များတွင် ရောင်းချလျှက်ရှိသော နာရီများနှင့် ပတ်သက်၍ တိုင်ကြားမှုအား အသက် ၄၄ နှစ်အရွယ်ရှိ ဒုရဲမှူးမှ စုံစမ်းစစ်ဆေးရန် စတင် လုပ်ဆောင်ခဲ့သည်။ သက် ၂၄ နှစ်မှ ၃၁ နှစ် အရွယ်ရှိ ရဲသားသုံးဦးအား အဆိုပါတိုင်ကြားမှုအပေါ် စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။

အဆိုပါခိုးယူနေမှုနှင့်ပတ်သက်၍ တိုင်တန်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ရဲဌါနမှ စုံစမ်းစစ်ဆေး ရန် လေးဖင့်နေခဲ့သည်ဟု ပြောဆိုစွပ်စွဲမှုများလည်း ထွက်ပေါ်လာခဲ့သည်။

သြဂုတ်လ ၂၀ရက်နေ့ မနက် ၉နာရီခွဲတွင် အဆိုပါဒုရဲမှူးမှ သိမ်းဆည်းရမိခဲ့သော ခိုးရာပါ နာရီ ၄၂ လုံးမှ ရင်းဂစ် ၁ သောင်းခွဲ တန်ဖိုးရှိကြောင်း သိရှိရသည်။

အဆိုပါသံသယရှိသူအား ဆွတ်ငိုင်းနီဘွန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ပြစ်မှုထင်ရှားပါက ဖောက်ထွင်းခိုးယူခြင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၅၇ အရ အရေးယူဆောင်ရွက် ရမည်ဖြစ်သည်။

၎င်းသံသယရှိသူမှ နာရီများကို ကိုယ်တိုင်ခိုးယူခြင်းလော သို့မဟုတ် ခိုးရာပါပစ္စည်းများကို ရောင်းချနေခြင်းလော အစရှိသဖြင့် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေရခြင်း ဖြစ်ကြောင်း၊ အဆိုပါ သံသယရှိသူအား ဆွတ်ငိုင်းဒူဝါးရှိ Tesco ကုန်တိုက်တွင် ရဲများမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိမှ ပြောကြားခဲ့ပါသည်။

လိုရန်ကူရစ်ရှိ နာရီဆိုင်ပိုင်ရှင် တန်ချီးကူး (၄၉ နှစ်) မှာ ၎င်းဆိုင်းအတွင်းမှ နာရီပေါင်း ၁၁၇ လုံး ခိုးယူခံခဲ့ရကြောင်းကို ဇွန်လ ၂၇ ရက်နေ့ကတည်းက သတင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။

"ရဲတွေ သိမ်းဆည်းရမိခဲ့တဲ့ နာရီတွေမှာပါရှိတဲ့ ကုဒ်နံပါတ်တွေနဲ့ စတေကာတွေကို စစ်ဆေးစေချင် ပါတယ်၊ ကျွန်တော့်နာရီတွေ ပျောက်သွားတာ သိလိုက်ရတော့ အရမ်းတုန်လှုပ် ခြောက်ခြားပြီး ရဲကို အကြောင်းကြားခဲ့တာပါ၊ ရဲသားသုံးယောက် ရောက်လာပြီး ကျွန်တော် သိသလောက် အချက်အလက် တွေကို မေးမြန်းပြီး သူတို့ ပြန်ထွက်သွားကြတယ်၊ တခုခုတော့ လွှဲမှားနေပြီလို့ ကျွန်တော် သံသယ ဖြစ်နေခဲ့တယ်" ဟု အဆိုပါ နာရီဆိုင်ပိုင်ရှင်မှ ပြောကြားသွားခဲ့သည်။

အသက် ၁၅နှစ်အရွယ်နှင့် ၂၄ နှစ်အရွယ်ရှိ ယောက်ျားလေးနှစ်ယောက်မှ အဆိုပါ စုံစမ်းစစ်ဆေးမှုအပေါ် သက်သေအထောက်အထားဖြင့် အကူအညီပေးခဲ့ကြောင်း၊ ရဲများမှ အခြားသက်သေခံမည့်သူ တစ်စုံတစ်ဦး လိုအပ်နေသေးကြောင်း သတင်းရရှိပါသည်။

Source : The Star
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။