« »

ကျားခေါင်းနှင့် ငါးပိကောင်များ အတွင်း မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ

Tun Hisan (အလယ်မှ) ကျားခေါင်းပုံစံအံဝင်ဂွင်ကျသွန်းလုပ်၍ စိတ်ကြွဆေးများ ထည့်ထားပုံနှင့် ငါးပိကောင်များအတွင်း (၀ဲဘက်) စိတ်ကြွဆေးများ ထည့်ထားပုံကိုပြသနေစဉ်။

ရှားအလမ်း ။ ။ မှောင်ခိုသမားများ၏ လက်မှုအနုပညာ လက်ရာများမှာ အံ့သြဖွယ်ရာ ကောင်းလှပေသည် ဟု ဆိုရပေမည်။

ပြီးခဲ့သောအင်္ဂါနေ့က အီရန်လူမျိုး တစ်ဦးသည် ရင်းဂစ်ငွေ (၂) သန်းတန် ဖိုးရှိသော methamphetamine ခေါ် မူးယစ်ဆေးတစ်မျိုးကို ရောင်းချရန်အတွက် (၈.၄) ကီလိုဂရမ် အလေးချိန်ရှိသော ကျားခေါင်း ပုံစံပြုလုပ်၍ KL အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် သယ်ဆောင်ရန် ကြိုးပမ်းသည်ကို ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

စိတ်ကြွဆေးများအား ကျားခေါင်းပုံသဏ္ဍာန်ပြုလုပ်ဖန်တီး၍ သယ်ဆောင်လာ ပုံမှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ပိရိသေသပ်ကြောင်းလည်း တွေ့ရှိရပါသည်။ ရဲတပ်ဖွဲ့၏ခန့်မှန်းချက်အရ မူယစ်ဆေးထည့်ရန် တုပပြု လုပ်ထားသော ထိုကျား ခေါင်းပုံစံတွင် စက်နှင့်လည်သကဲ့သို့ ထုတ်ရန်ပြွန် (၃၃၀၀၀) ပါဝင်ကြောင်းလည်း သိရှိရပါသည်။

Selangor ရဲတပ်ဖွဲ့မှ ရဲအရာရှိ Datuk Tun Hisan Hamzah က ထိုစိတ်ကြွဆေး များကို ကျားခေါင်းပုံပြုလုပ် ဖန်တီးရန်မှာ လက်တွေ့အားဖြင့် အချိန်တစ်လကျော် ကြာမြင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဉာဏ်များပြီး ပညာသားပါပါ ပြုလုပ်ထားတဲ့ စိတ်ကြွဆေးတွေကို သယ်ဆောင်လာတဲ့ အသက် (၂၆) နှစ်အရွယ် အီရန်လူမျိုးဟာ ရဲတပ်ဖွဲ့ဝင်များက သူ၏ လက်ဆောင်အိတ်ကို သံသယရှိလို့ စစ်ဆေးတဲ့ အခါမှာ အောက်ကျို့ခံပြီး ပြောဆို ရှင်းပြကြောင်းလည်း သိရှိရပါသည်။

ထိုကျားခေါင်းကိုပွတ်လိုက်တဲ့အခါမှာတော့ အစိတ်စိတ်အမွှာအမွှာဖြစ်သွားပြီး အမှုန့်များဖြစ်သွားကြောင်း၊ ထိုအမှုန့်များကို စစ်ဆေးလိုက်တဲ့အခါမှာ စိတ်ကြွဆေးတွေဖြစ် တယ်ဆိုတာကို တွေ့ရှိရကြောင်းလည်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ပြီး ရဲအရာရှိ Tun Hisan က တရားမဝင်တင်သွင်းသော သွင်းကုန်၊ ပို့ကုန်များကို အံ့သြစရာကောင်းသော နည်းအမျိုးမျိုးဖန်တီး၍ တင်သွင်းနေကြကြောင်း၊ ဒါ့ကြောင့် ဒီတရားမဝင် ဆေးဝါးတွေကို နည်းလမ်းအသစ်တွေ အမျိုးမျိုးအသုံးပြုပြီး တင်သွင်းနေကြကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သောအင်္ဂါနေ့က အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ထိုသူသည် ဒူဘိုင်းမှနေ တဆင့် transit ဖြင့်လာရောက်ကြောင်း၊ လေဆိပ်သို့ရောက်သောအခါ ၎င်း၏ သံသယဖြစ် ဖွယ် အခြေအနေကြောင့် ရဲတပ်ဖွဲ့မှ ခြေရာခံ လိုက်ခဲ့ကြောင်း၊ ထိုသူမှာ လက်ဆောင်အိတ် တစ်လုံးကို သယ်ဆောင်လာပြီး ဖွင့်၍စစ်ဆေးကြည့်သောအခါ အထဲတွင် ကျားခေါင်းပုံ တစ်ခု ကိုတွေ့ရှိရကြောင်း Tun Hisan က ပြောကြားခဲ့ပါသည်။

ရဲအရာရှိများမှ ထိုကျားခေါင်းအား ပွတ်လိုက်သောအခါတွင် အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုအမှုန့်များသည် မူးယစ်ဆေးများ ဖြစ်လိမ့်မည်ဟု သံသယရှိ ကြောင်း၊ ထို့ကြောင့် ထိုသူအားဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ် သောအခါ ထိုသူမှာ မလေးရှားနိုင်ငံတွင်းသို့ ပထမဆုံး ဝင်ရောက်လာသော ခေါင်းမာသော မူးယစ်ဆေးသယ် ဆောင်သူတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုမူးယစ်ဆေး များအား ပြည်တွင်းဈေးကွက်ထဲသို့ တင်သွင်းမည်ဟု ယုံကြည်ရ ကြောင်း၊ တရားခံအား ရမန်ဖြင့် ချုပ်ထားပြီး ၁၉၅၂ မူးယစ်ဆေး ဆိုင်ရာ အက်ဥပဒေအရ သေဒဏ် ပေးသည်အထိ စီရင်ချက် ချနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

မကြာသေးမီကပင် အီရန်လူမျိုးတစ်ယောက်အား တရားမဝင်ဆေးဝါးများကို ခရီးဆောင်အိတ်ကြီးထဲတွင် အကန့်လိုက်ထည့်၍ လည်းကောင်း၊ အဝတ်ထဲတွင်ရော၍ လည်းကောင်း သယ်ဆောင်လာမှုအတွက် ဖမ်းဆီး ခဲ့ကြောင်း၊ မကြာသေးသော ဧပြီလက ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုတွင်လည်း အသက်(၄၄)နှစ်အရွယ်ရှိ အီရန်လူမျိုး အမျိုးသမီးတစ်ယောက်အား ရင်းဂစ်ငွေ (၃၅၀၀၀၀)တန်ဖိုးရှိသော methamphetamine ငါးထုပ်ကို သူမ၏ ခါးပါတ်ထဲတွင်သယ်ဆောင်လာမှုနှင့်ပါတ်သက်၍ ဖမ်းဆီး ခဲ့ကြောင်းလည်း သတင်းရရှိခဲ့ပါသည်။
မူးယစ်ဆေး ထည့်ထားသော ငါးခြောက် အမျိုးမျိုးကို တွေ့ရှိရစဉ်

အီရန်လူမျိုးများအား ပုံစံအမျိုးမျိုးဖန်တီး၍ ဆေးဝါးများတရားမဝင် သယ်ဆောင် လာမှုကို ဖမ်းဆီးအရေးယူသကဲ့သို့ နိုင်ဂျီးရီးယား လူမျိုး တစ်ယောက်ကိုလည်း ပြပွဲမတိုင်ခင် ဖမ်းဆီး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြား သည်မှာ ကမ္ဘာလှည့် ခရီးသည်များသည် Doha မှ ငါးဆား နယ်ငါးများကို သယ် ဆောင်လာပြီး အတွင်းသို့ ဖောက်၍ စစ်ဆေး ကြည့်သောအခါ သပ်ရပ်စွာ ထုပ် ထားသော methamphetamine မူယစ်ဆေး (၁၅) ထုပ်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

Selangor ရဲတပ်ဖွဲ့မှ ရဲအရာရှိ Datuk Tun Hisan Hamzah က တရားခံများသည် နံစော်နေသော ငါးများကို သယ်ဆောင်လာပြီး နိုင်ဂျီးရီးယားတစ်ဦးကလည်း ငါးပိ ကောင်ငါးများကို သယ်ယူလာကြောင်း၊ ဘယ်သူပဲမလေးရှားထဲကို ငါးပိကောင်တွေသယ် လာသယ်လာ စစ်ဆေး လိုက်တဲ့ အခါမှာ အထဲတွင် methamphetamine မူးယစ်ဆေး (၁၅)ထုပ်ကို တွေ့ရှိရကြောင်း Tun Hisan ကဆက်လက် ပြောကြားခဲ့ပါသည်။

ငါးတစ်ကောင်စီတွင် စိတ်ကြွ မူးယစ်ဆေး တစ်ထုပ်စီ ထည့်သွင်းထားကြောင်း၊ ခန့်မှန်းခြေ အရ တစ်ကီလိုဂရမ်ရှိပြီး တန်ဖိုးငွေမှာ ရင်းဂစ် (၅၀၀၀၀) ဖိုးရှိမည်ဟု မှန်းဆကြောင်း၊ ထိုခဖမ်းဆီး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးဥပဒေအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေကြောင်း၊ ထိုမူးယစ်ဆေး ဝါးများသည် ပြည်တွင်းဈေးကွက် အတွက်ဖြစ်ကြောင်း၊ တရားခံများကို ရမန်ဖြင့် ချုပ်ထားကြောင်း၊ ထိုအမှုကို စုံစမ်းစစ်ဆေးပြီး ၁၉၅၂ မူးယစ်ဆေး ဆိုင်ရာ အက်ဥပဒေအရ သေဒဏ် ပေးသည်အထိ စီရင်ချက်ချနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။

မကြာသေးမီက နိုင်ဂျီးရိးယားလူမျိုးများသည် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ဗျူဟာအမျိုးမျိုး အသုံးပြု၍ သယ်ဆောင်ကြောင်း၊ ဖေဖော်ဝါရီလတွင် အသက်(၂၈)နှစ် အရွယ် နိုင်ဂျီးရိးယားတစ်ဦးအား ၎င်း၏ခရီးဆောင်အိတ်ထဲတွင် ရင်းဂစ်ငွေ (၃၅၀၀၀၀) တန်ဖိုးရှိသော methamphetamine ၄ ကီလို နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အခြားတစ် နည်းမှာ မူးယစ်ဆေးဝါးများကို ခရီးဆောင် လက်ဆွဲသေတ္တာ ဘောင်၏ အောက်ဘက်တွင် ထည့်ထားပြီး ပီလောပီနံအိတ်ကို အသုံးပြု၍ သယ်ဆောင်လာ သည်ကိုလည်း တွေ့ရှိရကြောင်း သတင်းရရှိခဲ့ပါသည်။

Source : Malay Mail
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။