« »

အရောင်းစာရေး မိန်းကလေးကို မုဒိမ်းကျင့်မှုဖြင့် ကျောင်းသား (၃)ဦးအား ဖမ်းဆီးထား

အသက်(၁၃)နှစ်အရွယ် ကျောင်းသားတစ်ဦး အပါအဝင် ကျောင်းသား (၃)ဦးအား ကလန်းနယ်မြေရှိ အိမ်ခန်း တစ်ခုအတွင်း၌ အရောင်းစာရေး မိန်းကလေးတစ်ဦးအား အုပ်စုဖွဲ့၍ မုဒိမ်းကျင့် သည်ဟု စွပ်စွဲထားမှုကြောင့် ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။

China Press သတင်းစာမှ ဖော်ပြချက်အရ အဆိုပါ ယောက်ျားလေး တစ်ဦးနှင့် အသက်(၁၅)နှစ်နှင့် (၁၆)နှစ်အရွယ် အခြားကျောင်းသား(၂)ဦးတို့အား ပြစ်မှုကျူးလွန်ပြီး နောက်ရက်ဖြစ်သော အင်္ဂါနေ့က လက်ပူးလက်ကြပ် ဖမ်းဆီးရမိကြောင်းလည်း သိရှိရပါသည်။

အဆိုပါ တရားခံများထဲမှ တစ်ဦးသည် မတရားခံရသူ အသက်(၁၈)နှစ်အရွယ် ထိုမိန်ကလေးအား မခိုင်လုံသော အကြောင်းပြချက်ဖြင့် အင်္ဂါနေ့ နံနက်(၉)နာရီခန့် တွင် အလုပ်သို့ လိုက်ပို့ပေးမည်ဟု တွေ့ဆုံပြောကြား ခဲ့ကြောင်းလည်း သိရှိရပါသည်။

တရားလိုမိန်းကလေးမှ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်ဖြစ်ခဲ့ကြောင်း၊ တရားခံများမှ သူမအား မတရားပြုကျင့် ခဲ့ကြောင်းလည်း သိရှိရပါသည်။

အသက်အငယ်ဆုံး တရားခံနှင့် အခြား(၂)ဦးတို့မှာ ကျောင်းမတူကြကြောင်း၊ (၃)ယောက်သား ကျောင်း အတူတူပြေး၍ ထိုပြစ်မှုကို ကျူးလွန်ကြခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ကလန်းမြို့နယ် မြောက်ပိုင်းဧရိယာရှိ နယ်မြေခံ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ဦးမှ ပြောပြချက်အရ တရားခံများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် တနင်္လာနေ့ထိ ဖမ်းဆီးထိန်းသိမ်းထား ကြောင်းလည်း သိရှိရပါသည်။

ဆက်လက်ပြီး ရဲအရာရှိမှ အခင်းဖြစ်ပွားရာ နေအိမ်မှ အိမ်ရှင်အား ထိုအမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဆင့်ခေါ်ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။