« »

ဟိုတယ်ခန်းအတွင်း ကြိုးတုပ် သတ်ဖြတ် လှုယက်မှု

ကွာလာလမ်ပူ ။ ။ ဟိုတယ်ခန်းတစ်ခုအတွင်း နိုင်ငံခြားသား ခရီးသည်တစ်ဦးနှင့်အတူ သေဆုံးနေသော သူ၏မိတ်ဆွေအား တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

သေဆုံးသွားခဲ့သူမှာ အသက် ၅၀ ရှိပြီး စုံးစမ်းစစ်ဆေးမှုပြုရန် အမ်ပန်းဂျာရာရှိ သက်ဆိုင်ရာများသို့ ဟိုတယ် ဧည့်ကြိုကောင်တာမှ ဆက်သွယ်ခဲ့သည်။

လူသတ်တရားခံအားရှာဖွေရန်အတွက် CCTV ကင်မရာမှတ်တမ်းများဖြင့် စစ်ဆေးရှာဖွေနေပြီဖြစ်ကြောင်း သိရှိရသည်။

သေဆုံသွားခဲ့သူ၏ ရုပ်အလောင်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဦးခေါင်းအား ပြင်ထန်စွာ ရိုက်နှက်ခဲ့သော ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုခဲ့သည်။

ရဲများမှ လူသတ်တရားခံအား ရှာဖွေစုံစမ်း နေခဲ့သော်လည်း ယခုအချိန်ထိ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိ သေးကြောင်း သိရသည်။

စစ်ဆေးမေးမြန်းမှုများအရ အဆိုပါ ဟိုတယ်ခန်းတွင်း တည်းခိုသူအမျိုးသားနှစ်ဦးမှာ ကျောက်မျက် ရတနာဆိုင်ရာ လုပ်ငန်းအတွက် သြဂုတ်လ ၂၀ ရက်နေ့ကတည်းက မလေးရှားနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

ဟော်တယ်အလုပ်သမားတစ်ဦးမှ တနင်္လာနေ့ညနေပိုင်း အခန်းအတွင်းသို့ ဝင်ရောက်ခဲ့ရာ အဆိုပါ အမျိုးသား နှစ်ဦးအား ကြိုးဖြင့် ချည်တုပ်လျှက်သား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သော အဆိုပါ နိုင်ငံခြားသားတစ်ဦးအား KL ဆေးရုံးတွင် စစ်ဆေးကုသမှု ခံယူစေခဲ့ပြီး ၎င်းတို့ နှစ်ဦးထံမှ ပစ္စည်းများ လုယက်မှုမပြုမီ ရိုက်နှက်၍ ဟော်တယ်ခန်းအတွင်း ကြိုးဖြင့် တုပ်နှောင်ထား ခဲ့ကြောင်း သိရှိရသည်။

၎င်းလူသတ်မှုနှင့် ဆက်နွယ်၍ သတင်းပေးပို့လိုပါက ၀၃ ၄၂၈၉ ၇၂၂၂ သို့ ဆက်သွယ် အကြောင်းကြားရန် သက်ဆိုင်ရာ ရဲဌါနမှ တိုက်တွန်းသွားခဲ့သည်။

Source : The Star
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။