« »

မလေးရှား-ထိုင်း နယ်စပ်တွင် ဗုံသုံးလုံးပေါက်ကွဲ

စက်တင်ဘာလ ၁၆ ရက် သောကြာနေ့က မလေးရှား-ထိုင်းနယ်စပ် နာရာသီဝပ် စီရင်စု ဆွန်ဂိုင်းကိုလော့ ဒေသတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဆိုင်ကယ်အတွင်း ဖွက်၍ ဗုံးထောင်ထား ခဲ့ခြင်းဖြစ်ပြီး လူ ၃ဦးသေဆုံးသွားပြီး ၆၀ ကျော် ဒဏ်ရာအပြင်းရရှိသွားကြောင်း သိရှိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် တရုတ်လူမျိုးစုဆိုင်ရာ အဖွဲ့အစည်း၏ အဆောက်အဦးရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီပိုင်း အကြာတွင် သောင်းကျန်းသူများဟု မသင်္ကာဖွယ်ရာ လူတစ်စုမှ ဗလီအနားရှိ ကားရပ်နားရာ နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မွတ်စလင်ဘာသာဝင်နှစ်ဦး သေဆုံး သွားခဲ့ကြောင်း သတင်းရရှိပါသည်။
Source : REUTERS
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။