« »

ပထမဆုံး နိုင်ငံခြားဖျော်ဖြေပွဲ အကြောင်းပြောပြတဲ့ စိုးပြည့်သဇင်

စိုးပြည့်သဇင်၏ ပထမဆုံး နိုင်ငံခြား ဖျော်ဖြေပွဲအဖြစ် မလေးရှား နိုင်ငံမှာ သြဂုတ်လ ၂၉ ရက်က သီချင်း ဆိုဖျော်ဖြေ ခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၃ဝ ရက်မှ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိခဲ့တဲ့ စိုးပြည့်သဇင်က မလေးရှား ဖျော်ဖြေပွဲ အတွေ့အကြုံများကို” အားလပ်ရက် အနေနဲ့ တိုက်တဲ့အတွက် ထင်ထာ တာထက်တောင် မလေးရှားက မြန်မာတွေက အားပေးခဲ့ကြတယ်၊ အနှိုင်းမဲ့၊ ခေါ်သံ၊ ပေါက်နေပြီ၊ ကိုယ့်အတွက် အိပ်မက်မင်း မက်လား သီချင်းတွေကို ဆိုခဲ့ပြီး ပရိသတ် တွေကလည်း စင်အောက်ကနေ လိုက်ဆိုရင်းနဲ့ အပေးအယူမျှခဲ့ တယ်”ဟုပြောပြသည်။
”နိုင်ငံခြားပွဲဆိုတော့ ပထမပိုင်း မှာတော့နည်းနည်း စိုးရိမ်စိတ်က လေးဖြစ်သွားတယ်။ အကုန်လုံး ကလည်း ပျော်ချင်ကြတယ်။ သူတို့ ချစ်တဲ့ အနုပညာရှင်တွေလာပြီး ဖျော်ဖြေပေး တာကို သူတို့အရမ်း ဝမ်းသာတယ် ဆိုတော့ ကိုယ်ကလည်း အဲဒါကို ကြည့်ပြီး ဝမ်းသာရပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ လက်ခံပြီး ဖိတ်တဲ့ အတွက်လည်း ပိုပြီး ပီတီဖြစ်တယ်” ဟု စိုးပြည့်သဇင်က ပြောသည်။
"စိုးပြည့်ကိုလည်း အဆိုတော်တစ်ယောက် အနေနဲ့ပဲ မြင်စေချင်တယ်။ အခုလိုမျိုး သီချင်း ဆိုဖို့ သက်သက် သွားရတဲ့ အတွက် အရမ်းလည်း ဝမ်းသာတယ်။ သီချင်း ဆိုဖို့သွားရတာက သိပ်ပြီး ပူပန်စရာ မများဘူး။ ဇာတ်ကား ရိုက်သွားရင် အိုက်တင်တွေ၊ ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေ မပါမှာကို စိုးရိမ်နေ ရတယ်။ သီချင်း ဆိုတာက ကိုယ့်အလှည့်ပြီးရင် သူများဆိုတာ အားပေးတယ်။ တစ်မျိုးစီ ပျော်ဖို့ ကောင်းပါတယ်။ စိုး ပြည့် အတွက်ကတော့ ဇာတ်ကားရိုက်ပဲ ဖြစ်ဖြစ်၊ အဆိုပဲဖြစ်ဖြစ် အတွေ့အကြုံ လည်းရတယ်။ ပျော်စရာကောင်းတဲ့ ခရီးစဉ် တွေပါပဲ” ဟုလည်းပြောသည်။

ခိုင်ဝေလွင်(Popular Myanmar)
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။