« »

အောင်ဆန်းပင်လုံ စာဖတ်ခန်းဖွင့်လှစ်

အောက်တိုဘာ ၂၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက် လေးထောင့်ကန်လမ်းမ၊ တိုက် င/၂၄၈၊ အခန်း အေ-၃ ဒုတိယထပ်၌ ဖွင့်လှစ်ထားသော အောင်ဆန်းပင်လုံ စာဖတ်ခန်းသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

"လူငယ်တွေ ဗဟုသုတရှာကြပါ။ အဆင့်မြင့်တဲ့ ပညာရရှိအောင် ကြိုးစားကြပါ။ ဒီလို ထက်မြက်တဲ့ ပညာတွေရရှိမှ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ့အဆင့်မှာ တင့်တင့်တယ်တယ်နဲ့ နေနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ရမှာပါ။ ကိုယ်ကိုယ်တိုင် တည်ဆောက်ဖို့ ဆိုတာ တည်ဆောက်နိုင်တဲ့ စွမ်းအားရှိရပါမယ်။ ဒီစွမ်းအားတွေထဲမှာ ပညာဟာအင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အခုလို ကျွန်မတို့ စာကြည့်တိုက် ဖွင့်တယ်ဆိုတာလည်း ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ပါ"
ဟု အဖွင့်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

သြဂုတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃လမ်းနှင့် သနတ်ပင်မြို့ န၀ရတ်ကိုးသွယ်လမ်းတို့တွင် စာကြည်တိုက် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ စာကြည့်တိုက်များတွင် စာအုပ်ပေါင်း ၇,၀၀၀ ရှိသည်ဟုသိရသည်။

Source : The Myanmar Post, Photo : GETTY IMAGES, AP.
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။