« »

လုံခြုံရေး အက်ဥပဒေ မလေးရှား ဖျက်သိမ်း

မလေးရှားနိုင်ငံမှာ မသင်္ကာသူတွေကို တရားမစွဲဘဲ ကြာရှည်စွာ ဖမ်းဆီးထားနိုင်တဲ့ ရာစုနှစ်ဝက်လောက် ကတည်းကရှိနေတဲ့ ဥပဒေကို ဖျက်သိမ်းမယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) က ပြောလိုက်ပါတယ်။ ပြည်တွင်း လုံခြုံရေး အက်ဥပဒေကို ဖျက်သိမ်းပြီး အခြေခံ လူ့အခွင့်အရေးကို ချိုးဖေါက်ရာ မရောက်စေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ နှစ်ခုကို ပြဌာန်းမယ်လို့ ဝန်ကြီးချုပ် နာဂျစ် က ရုပ်မြင်သံကြား ပေါ်ကနေ ကြာသပတေးနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မလေးရှားမှာ ဗြိတိသျှ ကိုလိုနီလက်ထက်ထဲကရှိနေခဲ့တဲ့ ပြည်တွင်း လုံခြုံရေး အက်ဥပဒေကြောင့် လူပေါင်း ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ကြရပါတယ်။ သတင်း မီဒီယာ လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်ခွင့် လိုင်စင် နှစ်စဉ် သက်တမ်းတိုးရတဲ့ ဥပဒေကိုလည်း ပယ်ဖျက်တယ်လို့ ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

ဒီလိုမျိုး မီဒီယာ လုပ်ငန်းလိုင်စဉ် သက်တမ်း တိုးရတဲ့အတွက် အစိုးရရဲ့ လုပ်ဆောင်မှုအပေါ် သဘောမကျတဲ့ သူတွေ ပိုများလာခဲ့တယ်လို့ ဝေဖန် စောင့်ကြည့်သူတွေက ပြောကြပါတယ်။ နောက်တခါ လွတ်လပ်စွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေကို ပြန်လည် သုံးသပ်ဖို့နဲ့ နိုင်ငံရေး အမြင်တခုကြောင်နဲ့ ပုဂ္ဂိုလ်တဦးတယောက် ဖမ်ဆီးခံရတာမျိုး မဖြစ်စေရပါဘူးလို့လည်း ဝန်ကြီးချုပ် နာဂျစ်ရာဇက် က ကတိပြုခဲ့ပါတယ်။

Source : VOA
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။