နိုင်ငံရပ်ခြားသို့ ထွက်ခွာမည့် ရွှေမြန်မာများအတွက် မတက်မဖြစ် အထူးသင်တန်း ပါဝင်သော ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်...
ယခင်ကအတွေ့အကြုံမရှိသူများအတွက် အခြေခံသင်တန်း (အတွေ့အကြုံရှိသူများတက်ရန်မလိုပါ)
► ဆန်ဆေးနည်း၊ ထမင်းပေါင်းအိုးတည်နည်း၊ ကြက်သွန်နီလှီးနည်း၊ ကြက်ဥကြော်နည်း၊ ဟင်းသီး ဟင်းရွက်ကြော်နည်း၊ လက်ဖက်သုပ်နည်း၊ ဆေးဘဲဥသုပ်နည်း တို့ကို အခြေခံကျကျ ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ကြားပေးပါသည်။
► ရယ်ဒီမိတ် မုန့်ဟင်းခါးထုပ်ကို ဆိုင်စားမုန့်ဟင်းခါးကဲ့သို့ဖြစ်အောင် ပြုပြင်နည်း
(တစ်ယောက် တစ်ထုပ်နှုန်းဖြင့် လက်တွေ့ပြုလုပ်ရမည်။)
► ဆန်၊ ဆီ၊ ဆား၊ မြေပဲ ပစ္စည်း (၄) မျိုးဖြင့် ထမင်း တစ်နပ်စာပြုလုပ်နည်း
(လက်ရာကောင်းလာသည်အထိ လေ့ကျင့်ပေးသည်။)
► ကြက်ဥကို အသုံးပြု၍ ကြက်ဥကြော်၊ ကြက်ဥပေါင်း၊ မွှေကြော်၊ ကြက်ဥသုပ်၊ ကြက်ဥဖုတ်၊ ကြက်ဥဆားရေစိမ် စသည့်ဟင်းအမျိုးပေါင်း (၅၀) ကျော်ပြုလုပ်နည်း လူမျိုးဘာသာမရွေးစားသုံးနိုင်ပြီး အလွယ်တကူ ဝယ်ယူနိုင်သော ပစ္စည်းများဖြင့်ပြုလုပ်သောနည်းများကိုသာ သင်ကြားပေးသည်။
► အခြောက်အခြမ်းပစ္စည်းများကို တာရှည်ခံ၊ အနံ့အသက်၊ အရသာမပျက်အောင် ထားသိုနည်း (သင်တန်း၏ မူပိုင် နည်းပညာသစ်များဖြင့် သင်ကြားပေးပါသည်။)
► နိုင်ငံရပ်ခြားတွင် ဝယ်ယူနိုင်သော ပစ္စည်များဖြင့် မြန်မာ့ရိုးရာ အစားအစာပြုလုပ်နည်း
(မုန့်လင်မယား၊ ကြာဇံချက်၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ နန်းလတ်သုပ်၊ နန်းသေးသုပ်၊ ရှောက်သီးသုပ်၊ သရက်သီးသုပ်၊ မရမ်းသီးထောင်း၊ မရမ်းသီးသုပ် စသည့် အစားအစာအမျိုးပေါင်း (၅၀)ကျော်ကို ပြုလုပ်နိုင်ရန် သင်ကြားပေးပါသည်။)
► ခေါက်ဆွဲခြောက်ထုပ်ကို အသုံးပြု၍ ခေါက်ဆွဲပြုတ်၊ ဆီချက်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုတ်၊ ပဲခေါက်ဆွဲ၊ ပလိန်း၊ ကြက်ဥနှင့် စသည်တို့ကို တရုတ်ခေါက်ဆွဲ၊ ထိုင်းခေါက်ဆွဲ၊ ကိုရီယားခေါက်ဆွဲ စသည်ဖြင့် အမျိုးစုံအောင် သင်ကြားပေးသည်။
► လစာကို အိမ်ခန်းခ၊ ရေဖိုး၊ မီးဖိုး၊ အစားအသောက်၊ အဝတ်အစား၊ အိမ်ပြန်ပို့ရန် စသည်တို့ကို တစ်လစာလစ်ဟာမှု မရှိစေရန် စာရင်းရေးဆွဲနည်း (မိမိရသည့် လစာပေါ်မူတည်၍ ရေးဆွဲရန် အခက်အခဲရှိပါက သင်တန်းမှ online support ပေးပါသည်။)
► ကျောင်းတက်စဉ် အချိန်ပိုင်းအလုပ်ရှာနည်း၊ ခွင့်မပြုသော အချိန်ပိုင်းအလုပ်များကို ခိုးလုပ်နည်း
(ကိုယ်တွေ့ အတွေ့အကြုံရှိသူများ၏ video interview ဖြင့် ပြသ သင်ကြားပါမည်။)
► ကျောင်းသွားတက်မည့်သူများအတွက် Student Pass ဖြင့်ရရှိနိုင်သော Discount များကိုလည်း up to date စာရင်းနှင့်တကွ သင်ကြားပေးပါသည်။ သင်တန်၏ Home Page တွင်လည်း up to date စာရင်းများကို ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
► အလုပ်လျှောက်နည်း၊ အင်တာဗျူးဖြေနည်း၊ အလုပ်ရရန် ယတြာချေနည်း
(အောင်မြင်ခဲ့သူတို့၏ ပွဲတွေ့လုပ်နည်းများကို ပြုစုထားသော စာအုပ်ဖြင့် သင်ကြားပေးမည်။)
► အချိန်ပြည့်အလုပ် အပြင် နားရက်တွင် အချိန်ပိုင်း အလုပ်လုပ်ရန် ရှာဖွေနည်း၊ လျှောက်ထားနည်းများ
(စိတ်ပင်ပန်း၊ လူပင်ပန်း ဆင်းရဲခံနိုင်သူများ အတွက် စိတ်ကြိုက်ဘာသာရပ် ဖြစ်ပါသည်။ မသင်မနေရ မဟုတ်ပါ။)
► Discount ပေးသော အချိန်အခါ နှင့် နေရာများကို ရှာဖွေဝယ်ယူနည်း
(Internet, email များကိုအသုံးပြု၍ ရှာဖွေခြင်း၊ discount လက်မှတ်များ ရယူခြင်းတို့ကို လက်တွေ့ သင်ကြားပေးမည်။)
► မိမိသွားရောက်မည့် နိုင်ငံပေါ်မူတည်၍ အားလပ်ရက်များတွင် အခမဲ့ (သို့) ပိုက်ဆံနည်းနည်းဖြင့် သွားရောက်လည်ပတ် နိုင်သည့်နေရာများကို ရှာဖွေခြင်း နှင့်အသုံးချခြင်း
(Google Maps ကို အသုံးပြု၍ မြေပုံများ၊ slide show များဖြင့် ပြသ သင်ကြားပါမည်။)
► တစ်နေ့တာအချိန်ခွဲဝေနည်း
ထမင်းချိုင့်ထည့်သူများအနေဖြင့် ဘယ်ထမင်း၊ ဘယ်ဟင်းမျိုးဆို ညကတည်းက ချက်ထားရမည်။ ဘယ်ဟင်းမျိုးဆို မယူသွားခင် ပြန်နွေးရမည်။ ဆိုင်စားသမားများအနေဖြင့် ညစာကို ဘယ်လိုစီမံရမည် စသည်ဖြင့် အသေးစိတ် သင်ကြားပေးသည်။ လက်တွေ့ လုပ်ငန်းတွင် အခက်အခဲရှိပါက သင်တန်း၏ Forum ကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။
► Tourist Visa ဖြင့်သွားကာ အလုပ်ရှာမည့်သူများအတွက် immigration တွင် ဖြီးနည်း၊ ဖြန်းနည်း (သက်တမ်းတိုးနည်းများကို ဝါရင့် အတွေ့အကြုံရှိသူများ ကိုယ်တိုင်ရှင်းလင်း သင်ကြားပေးမည် ဖြစ်ပါသည်။)
► အရေးကြီးသော စကား (၂)ခွန်းဖြစ်သည့် ထမင်းဆိုင်နေရာမေးနည်းနှင့် အိမ်သာနေရာမေးနည်းတို့ကို သက်ဆိုင်ရာ ဘာသာအလိုက် လေယူလေသိမ်း မှန်ကန်သည်အထိ ပြုပြင်သင်ကြားပေးသည်။

ဆက်သွယ်ရန် - သန်းထိုက်အောင်
မှတ်ချက် - Myanmar Joke (Facebook) မှ ဟာသဖြစ်သည်။

နိုဝင်ဘာလ ၃ရက်နေ့တွင် ထွက်ရှိခဲ့သော လမ်းသစ်ဂျာနယ် အတွဲ ၅ - အမှတ်စဉ် ၂၁ အား ကွာလာလမ်ပူ၊ ကလန်း၊ ဘလက်ကောင်း၊ ပူချုန်း၊ ကပုန်း၊ ဆလာရန်း၊ ပူဒူး၊ အာလောရှိ မြန်မာဆိုင်များနှင့် ပီနန်းရှိ မြန်မာဆိုင်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပြီဖြစ်သည်။ လမ်းသစ်ဂျာနယ်အား အတွဲ ၅၊ အမှတ်စဉ် ၁၄ မှစ၍ စာမျက်နှာ (၈) မျက်နှာ တိုးချဲ့ထားခဲ့ပြီး မျက်နှာဖုံးအပါအဝင် စာမျက်နှာ (၇၂)မျက်နှာ ပါရှိပြီး ဈေးနှုန်းမှာ မူလအတိုင်းဖြစ်သည်။