« »

လက်ကိုင်ဖုန်းမှ မဖွယ်မရာစာများ ပေးပို့သူအား ပြစ်ဒဏ်ချမှတ်

ကွာလာလမ်ပူ ။ ။ အသက် ၂၃ နှစ်အရွယ် အမျိုး သမီး၏ ဖုန်းသို့ မဖွယ်မရာ ဖုန်းပို့စာများပို့ခဲ့သော အလုပ်လက်မဲ့ အမျိုးသား တစ်ဦးအား တရားရုံးမှ ရင်းဂစ်ငွေ ၁၀၀ ပေးဆောင်ရန် စက်တင်ဘာလ ၁၈ ရက်နေ့က အမိန့်ချလိုက်ကြောင်း သိရှိရ ပါသည်။

အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းသို့ လိင်မှုဆိုင်ရာ မဖွယ်မရာ စာများပေးပို့ခဲ့သည့် ကိစ္စနှင့် ပါတ်သက်၍ အသက် ၄၅ နှစ်အရွယ်ရှိ မိုဟာမက်ကီရာ ဘာဟာရက်ဒင်မှ အပြစ်ရှိကြောင်း ဝန်ချတောင်းပန်သွား ခဲ့ပါသည်။

တရားသူကြီး ဟာဖီဇာဆူနီမှ ပြစ်မှုကျူးလွန်သူ အမျိုးသားအား ဒဏ်ငွေပေးဆောင်နိုင်ခြင်း မရှိပါက ထောင်ဒဏ် ၁လ ကျခံရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

အစိုးရ လက်ထောက်ရှေ့နေဖြစ်သူ နောမာဝါနီမှ ၎င်းအမှုကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒဏ်ငွေပမာဏမှာ နည်းလွန်းသဖြင့် ပြစ်မှုကျူးလွန် သူမှာ နောင်တရမည် မဟုတ်ဟု စွပ်စွဲချက်များ ရှိနေကြောင်း သိရှိရပါသည်။

Source : Newstraits Times
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။