« »

ရဲဝန်ထမ်းနှစ်ဦး၏ လာဘ်စားမှုအား အရေးယူ

ရှားအလာမ်း ။ ။ ရဲဝန်ထမ်း တစ်ဦးနှင့် သူ၏အကူရဲအား ၂၀၁၀ခုနှစ် ဒီဇင်ဘာက ဖမ်းဆီး ထိန်းသိမ်းထားသော ထိုင်းအမျိုးသမီး (၂)ဦးအား လွှတ်ပေးမည်ဟု ပြောပြီး ရင်းဂစ်ငွေ(၄၀၀၀)အား လာဘ်စားမှုအတွက် လွှတ်တော်တရားရုံးမှ အောက်တိုဘာလ ၁၃ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ရဲအရာရှိ Mohd Azul Mat Jubin (26)နှင့် သူ၏ အကူရဲဝန်ထမ်း Mohd Fitri Hayat Ahamd (၂၃)နှစ်အား အပြစ်မရှိကြောင်း မည်သို့ပင် အသနားခံစာ တင်သော်လည်း တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမှုမှာ ၂၀၁၀ ခုနှစ်ဒီဇင်ဘာလ (၁၈)ရက်နေ့က ဖမ်းဆီးခဲ့သော လုပ်ငန်းရှင် Chin Chen Seng အား လွှတ်ပေးမည်ဟု သဘောတူညီပြီး မလေးငွေ ရင်းဂစ်(၄၀၀၀) လက်ခံခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ထိုသူနှစ်ဦးကို ပြီးခဲ့သောနှစ် ဒီဇင်ဘာလ (၂၄)ရက်က Sri Kembangan ရှိ ပြစ်မှုစုံစမ်း စစ်ဆးရေးရဲဌာနမှ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ တရားသူကြီး M. Bakri Abd Majid က Azul နှင့် Mohd Fitri တို့(၂)ဦးအား တစ်ဦးလျှင် ဒဏ်ငွေ(၅၀၀၀)ဆီ ဒဏ်ရိုက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Source : The Star
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။