Lannthit Media Group (Malaysia)
လမ်းသစ်ဂျာနယ်အား ၂၀၀၇ ဇန်န၀ါရီလတွင် မလေးရှားနိုင်ငံတွင် မြန်မာဘာသာဖြင့်ပထမဦးစွာ စတင်ထုတ်ဝေခဲ့ပြီး၊ ယနေ့ခေတ်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်အချက်အလျက်များကို မလေးရှားရောက် ရွှေမြန်မာတို့အား အသိပညာ လမ်းသစ်ဖွင့်လစ်ပေးနိုင်ခဲ့သည်။ လမ်းသစ်ဂျာနယ်အား စတင်ဖွင့်လစ်သည့်အချိန်က တစ်လ တစ်ကြိမ်ထုတ်ဝေခဲ့ပြီး ယနေ့အချိန်တွင် တစ်လ နှစ်ကြိမ်ထုတ်ဝေလျှက်ရှိသည်။လမ်းသစ် ဂျာနယ်၏ ဦးတည်ချက်မှာ
၁။ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား သတင်းကဏ္ဍဖြင့်ကူညီနိုင်ရန်။
၂။ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေ့လာဖတ်ရှု့နိုင်ရန်။
၃။ နိုင်ငံခြားရောက် ရွှေမြန်မာနိုင်ငံသားများ တစ်ဦးနှင့် တစ်ဦးအဆက်အသွယ်များရရှိ၍ ချစ်ခင်ရင်းနှီးပြီး အချင်းချင်းကူညီစောင့်ရှောက်မှုများရရှိနိုင်ရန်။
၎။ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ သတင်းမှန်များကိုအချိန်နှင့် တပြေးညီ သိရှိ၍ ဗဟုသုတတိုးပွားပြီး စိတ်ဓါတ်ခွန်အားများရရှိစေရန်။
၅။ သတင်းမှန်ကန်သော်လည်း အများပြည်သူလူထုအထုအတွက် ထိခိုက်နစ်နာမှုများရှိလျှင် တာဝန်ရှိစာနယ်ဇင်းဝါဒကျင့်ဝတ်အရ ဖော်ပြခြင်းမပြုရန်။
၆။ လမ်းသစ်ဂျာနယ်သည် မည်သည့် ပုဂ္ဂိုလ်တစ်ဦး(သို့) အဖွဲ့အစည်းတစ်ခုခု၏ သြဇာအရှိန်ဝါဒ လွှမ်းမိုးမှုနောက်သို့ မလိုက်ဘဲ တိကျသော ကြားနေရေးဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးသွားရန်။ တို့ဖြစ်သည်။


နိုဝင်ဘာလ ၃ရက်နေ့တွင် ထွက်ရှိခဲ့သော လမ်းသစ်ဂျာနယ် အတွဲ ၅ - အမှတ်စဉ် ၂၁ အား ကွာလာလမ်ပူ၊ ကလန်း၊ ဘလက်ကောင်း၊ ပူချုန်း၊ ကပုန်း၊ ဆလာရန်း၊ ပူဒူး၊ အာလောရှိ မြန်မာဆိုင်များနှင့် ပီနန်းရှိ မြန်မာဆိုင်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပြီဖြစ်သည်။ လမ်းသစ်ဂျာနယ်အား အတွဲ ၅၊ အမှတ်စဉ် ၁၄ မှစ၍ စာမျက်နှာ (၈) မျက်နှာ တိုးချဲ့ထားခဲ့ပြီး မျက်နှာဖုံးအပါအဝင် စာမျက်နှာ (၇၂)မျက်နှာ ပါရှိပြီး ဈေးနှုန်းမှာ မူလအတိုင်းဖြစ်သည်။



